မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း (ဦးပိန်တံတား)တွင် အင်းရေတဖြည်းဖြည်းတိုးလာသောကြောင့် ဇူလိုင် (၁၅) ရက်တွင် တံတားကြမ်းခင်းလူလျှောက်လမ်းနှင့် တစ်ပေခန့်အလို၌ အင်းရေရောက်ရှိနေကြောင်း တောင်သမန်ငှက်လှေအသင်းမှ သိရသည်။
မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ အသိပေးချက်ထုတ်ပြန်ပြီး နောက်ပိုင်း အင်းနှင့် ဆက်သွယ်ထားသော ရေထိန်းတံခါးဖွင့်ချခဲ့ရာမှ မြန်ဆန်စွာအင်းရေတိုးလာခြင်းဖြစ်ပြီး ထိုသို့ အင်းရေတိုးလာသည့်အတွက်ကြောင့် ငှက်လှေစီးသူနှင့် အင်းရေကြည့်ရန် လာရောက်သူများပြားနေကြောင်း သိရသည်။
” ပြီးခဲ့တဲ့ ဇွန်လကုန်လောက်ထိ ရေကသိပ်မရှိသေးဘူး။ ဒီဇူလိုင်လဆန်းလောက်မှာ တံတားကြမ်းပြင်နဲ့ ခြောက်ပေလောက်အလိုမှာ ရှိသေးတယ်။ ရေထိန်းတံခါးဖွင့်လိုက်တော့ အင်းရေက တံတားကြမ်းပြင်နဲ့ တစ်ပေလောက်အလိုထိ ရောက်နေတယ်”ဟု တောင်သမန်ငှက်လှေအသင်းမှ တာန်ရှိသူတစ်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ဖြေကြားထားသည်။
လက်ရှိတွင် တံတားကြမ်းပြင်မှ တိုင်းတာပါက အလယ်ဇရပ်၌ တစ်ပေခန့်အလိုတွင် ရောက်ရှိနေပြီး အရှေ့ဘက်နှင့် အနောက်ဘက် ဇရပ်နေရာများ၌ ကြမ်းပြင်မှ နှစ်ပေခန့်အလိုတွင် အင်းရေ မျက်နှာပြင်ရောက်ရှိနေကာ မယ်ဇယ်တန်းနှင့် စားသောက်ဆိုင်နေရာများတွင်လည်း အင်းရေရောက်ရှိနေသဖြင့် အချို့ဆိုင်များ ခေတ္တပိတ်ထားရကြောင်း သိရသည်။
တောင်သမန်ငှက်လှေအသင်းတွင် ငှက်လှေအစင်း (၄၃) စင်းရှိပြီး ကိုဗစ်ကာလနောက်ပိုင်း ပြည်ပခရီးသွားနည်းပါးခြင်းနှင့် ပြည်တွင်းဧည်သည့်များ ငှက်လှေစီးမှုနည်းပါးခြင်းတို့ကြောင့် ယခင်နှစ်များထက် အစင်းရေလျော့နည်းလာကြောင်းနှင့် ငှက်လှေ စီးခမှာ ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား