
Pirates of The Caribbean သရုပ်ဆောင် တမာယိုပယ်ရီသည် ဟာဝိုင်အီပြည်နယ်ကမ်းခြေတွင် ရေလွှာလှိုင်းစီးနေရင်း ငါးမန်းအကိုက်ခံလိုက်ရပြီးနောက် သေဆုံးသွားသည်။
ဇွန် ၂၃ ရက်နေ့လယ်ပိုင်းတွင် အသက် ၄၉ နှစ်အရွယ်ရှိမင်းသားပယ်ရီ သေဆုံးပြီဖြစ်ကြောင်း ဟိုနိုလူလူမြို့၏အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်းက မလိုက်ကဟားနားကမ်းခြေသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်သွားခဲ့ပြီး ပယ်ရီကိုကမ်းစပ်သို့ ပြန်ခေါ်လာသော်လည်း ၎င်းအသက်မရှိတော့ဟု ဆေးအဖွဲ့က ကြေညာခဲ့သည်။
ကိုယ်တိုင်လည်း ပင်လယ်ကမ်းခြေကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည့် ပယ်ရီသည် Pirates of The Caribbean ၏ စတုတ္ထမြောက် ဇာတ်ကား Pirates of The Caribbean:On Stranger Tides တွင် ပင်လယ်ဓားပြတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
Lost ၊ Hawaii Five-0 ဇာတ်လမ်းတွဲများ၌လည်း ၎င်းသရုပ်ဆောင်ခဲ့ပြီး ကိုကာကိုလာအအေးကြော်ငြာတစ်ခု လည်း ရိုက်ခဲ့သည်။
ရေလွှာလှိုင်းစီးခြင်းကို ၁၀ စုနှစ်တစ်ခုကျော် ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်လာခဲ့သူ ပယ်ရီသည် လှိုင်းစီးနည်းပြတစ်ဦးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က ထူးခြားသည့်ဖြစ်ရပ်တစ်ခုနှင့် ကြုံခဲ့ရပြီး သေလုနီးပါး အတွေ့အကြုံရခဲ့သည်ဟု ဖွင့်ဟဖူးသည်။
ဟိုနိုလူလူမြို့တော်ဝန်က ပယ်ရီသေဆုံးမှုကို ဝမ်းနည်းစရာဆုံးရှုံးမှုဟု ပြောလိုက်ပြီး ၂၀၁၆ ခုနှစ်တွင် ပယ်ရီနှင့်လက်တွဲအလုပ်လုပ်ခဲ့သည့် Ocean Safety အဖွဲ့က ပယ်ရီ ငါးမန်းအကိုက်ခံရပြီးနောက် ငါးမန်းသတိ ပေးဆိုင်းဘုတ်များ ကမ်းခြေတွင်ချခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်