
မင်းသားဟွမ်ဂျောင်မင်နှင့် ဂျောင်ဟယ်အင်းတို့ ပါဝင်သရုပ်ဆောင်ထားသည့် အက် ရှင်မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား I, the Executioner ကို စက်တင်ဘာ ၁၃ ရက်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။
၂၀၁၅ ခုနှစ်က ရုံပရိသတ်အကြိုက်တွေ့ခဲ့သည့် Veteran ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး မှုခင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို ဝင်ရောက်လာသည့် စုံထောက်လက်သစ်ပတ်ဆွန်ဝူအဖြစ် မင်းသားဂျောင်ဟယ်အင်းက သရုပ်ဆောင်ထားသည်။ ပတ်ဆွန်ဝူနှင့် အလုပ်တွဲလုပ်သည့် ၀ါရင့်စုံထောက် ဆောဒိုချယ်အဖြစ် ဟွမ်ဂျောင်မင်ကိုမြင်ရမည်ဖြစ်ပြီး စုံထောက်နှစ်ဦးက ကွင်းဆက်လူသတ်သမားတစ်ဦးကို လိုက်ဖမ်းသည့်ဇာတ်လမ်းဖြစ်သည်။
I, the Executioner သည် ယခုနှစ်ကိန်းရုပ်ရှင်ပွဲတော်တွင်ပြသခွင့်ရသည့် တစ်ခုတည်းသော ကိုရီးယားဇာတ်ကားဖြစ်ပြီး မှတ်ချက်ကောင်းများရခဲ့သည်။ ကိန်းပွဲတော်သို့လည်း မင်းသားနှစ်ဦးတက်ရောက်ခဲ့သည်။ The Unjust ၊ The Berlin File ၊ Veteran စသည့် အက်ရှင်မှုခင်းဇာတ်ကားကောင်းများကိုရိုက်ကူးခဲ့သူ ဒါရိုက်တာယူဆွန်ဝမ်၏ လက်ရာဖြစ်နေခြင်းကြောင့် ပရိသတ်က ပိုစိတ်ဝင်စားနေကြသည်။
“၂၀၁၅ မှာ Veteran ထွက်လာပြီးတော့ နောက်ဆက်တွဲဆက်ရိုက်ဦးမယ်လို့ စိတ်ကူးထားခဲ့တာ။စိတ်ထဲမှာ ကိုးနှစ်လောက်ရှိနေခဲ့တဲ့အရာပေါ့။ ပရိသတ်ကြိုက်ဖို့ပဲ မျှော်လင့်တယ်” ဟု ဒါရိုက်တာယူဆွန်ဝမ်က မှတ်ချက် ပေးထားသည်။၀ါရင့်မင်းသားဟွမ်ဂျောင်မင်၏ The Point Men ဇာတ်ကားမှ သံတမန်ဇာတ်ရုပ်သည် အားရစရာကောင်းခဲ့ပြီး ယခုစုံထောက်ဇာတ်ရုပ်နှင့် မည်မျှလိုက်ဖက်နေမည်ကို I, the Executioner က ပြသလိမ့်မည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်