
ဆော်ဒီအာရေဗျနိုင်ငံတွင် ရုပ်ရှင်ရုံများကို တားမြစ်ပိတ်ပင်မှု ရုပ်သိမ်းလိုက်ပြီး လေးနှစ်အတွင်း ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်အဖြစ် ဒီဇင်ဘာ ၆ ရက်က ပင်လယ်နီဆိပ်ကမ်းမြို့ ဂျက်ဒါတွင် နိုင်ငံတကာရုပ်ရှင် ပွဲတော်တစ်ခုကို ပထမဆုံးအကြိမ် ကျင်းပလိုက်ပြီဖြစ်သည်။
ပင်လယ်နီရုပ်ရှင်ပွဲတော်ဟု အမည်ရသည့် အဆိုပါပွဲတော်သို့ ဆော်ဒီ၊ အာရပ်နှင့် နိုင်ငံခြားအနုပညာရှင်များ တက်ရောက်လာကြပြီး ယခင်က ဆော်ဒီအမျိုးသမီးများ တရားဝင်ဝတ်ဆင်ရသည့် အနက်ရောင် ကိုယ်လုံးပြည့်ဝတ်စုံဝတ်ဆင်မှုမှ လုံးဝကွဲထွက်ကာ ညနေခင်းဝတ်စုံများဖြင့် တက်ရောက်လာကြသည်။
“ဒီနေ့ဟာ ဆော်ဒီရဲ့သမိုင်းဝင်နေ့ပါ” ဟုလည်း ပွဲတော်ဒါရိုက်တာ မိုဟာမက်အယ်လ်တာကီက AFP သတင်းဌာနကို ပြောသည်။ ဆော်ဒီတွင် ရုပ်ရှင်ရုံများဖွင့်လှစ်မှုကို ၂၀၁၈ ခုနှစ် ဧပြီမတိုင်မီအထိ ဆယ်စု နှစ်များစွာ တားမြစ်လာခဲ့ခြင်းဖြစ်သည်။
ဂျက်ဒါမြို့တွင် ပထမဆုံး ဖော်မြူလာဝမ်းပြိုင်ပွဲကို လက်ခံကျင်းပလိုက်ပြီး နောက်တစ်နေ့တွင် ပင်လယ်နီနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။ ပွဲတော်အတွင်း နိုင်ငံပေါင်း ၆၇ နိုင်ငံ မှ ဘာသာစကားပေါင်း ၃၀ ကျော်ဖြင့် ရုပ်ရှင်ဇာတ်ကားတို၊ ဇာတ်ကားရှည် ၁၃၈ ကား ပြသသွားမည်ဖြစ်သည်။
ပြသမည့်ဇာတ်ကားများထဲ ဂျော်ဒန်ဇာတ်ကား The Alleys နှင့် အာရပ်ဇာတ်ကားမဟုတ်သည့် ဗြိတိန်ဒါရိုက်တာ Joe Wright ရိုက်ကူးသည့် Cyrano ကဲ့သို့ ဇာတ်ကားများလည်း ပြသမည်ဖြစ်သည်။ ထို့ပြင် ပထမဆုံး ဆော်ဒီအမျိုးသမီးဒါရိုက်တာ၊ ၂၀၁၂ ခုနှစ်က Wadjda ဇာတ်ကားရိုက်ကူးသူ ဟိုက်ဖာအယ်လ်မန်ဆာကိုလည်း ပွဲတော်အတွင်း ဂုဏ်ပြုသွားဖွယ်ရှိသည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆယ်လ်မန် အုပ်ချုပ်လာပြီးနောက်ပိုင်း နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ဖြစ်ထွန်းလာခဲ့ပြီး အမျိုးသမီးများ ယာဉ်မမောင်းရ တားမြစ်ချက်ကို ရုပ်သိမ်းပေးခဲ့သည့်အပြင် ဖျော်ဖြေပွဲနှင့်အခြားပွဲများတွင် အမျိုးသမီးများပါ ရောနှောတက်ရောက်ခွင့်ပြုခဲ့သည်။
“ဆော်ဒီမှာ ရုပ်ရှင်ပွဲတော်ကျင်းပဖို့ အတွေးဟာ လွန်ခဲ့တဲ့ငါးနှစ်က မတွေးရဲခဲ့ဖူး” ဟုလည်း အီဂျစ်အနုပညာ ဝေဖန်ရေးသမားတစ်ဦးက ပြောသည်။
စာရင်းကိုင်ကုမ္ပဏီ PwC က ဆော်ဒီအာရေဗျ၏ နှစ်စဉ် box office ဝင်ငွေသည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၉၅၀ အထိ ရနိုင်လိမ့်မည်ဟု ခန့်မှန်းထားကာ ရုပ်ရှင်ရုံပေါင်း ၂၆၀၀ အထိလူဝင်နိုင်မည်ဟု ပြောဆိုထားသည်။
ရုပ်ရှင်နယ်ပယ်လေ့လာစောင့်ကြည့်သူများကမူ ဆော်ဒီ၏ ရုပ်ရှင်ကဏ္ဍသည် ကျွမ်းကျင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသေးသည်ဟု သုံးသပ်နေကြသည်။ လက်ရှိတွင် MBC Studios က အက်ရှင်ဇာတ်ကား Desert Warrior ကို ဆော်ဒီနီယွန်ဒေသနှင့် ပင်လယ်နီတွင်ရိုက်ကူးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်