Top News

Twice အဖွဲ့၏ Heart Shaker သီချင်းဗီဒီယို YouTube တွင် View သန်း ၄၀၀ ပြည့်သွား
24htopnews | July 12, 2024 10:12 AM CST

တောင်ကိုရီးယားကေပေါ့မိန်းကလေးအဖွဲ့ Twice သီဆိုထားသည့် Heart Shaker သီချင်းဗီဒီယိုသည် ဒီဇင်ဘာ ၁၀ ရက်က YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ သန်း  ၄၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။

View သန်း ၄၀၀ ပြည့်သွားသည့် Twice အဖွဲ့၏သီချင်းများထဲ Heart Shaker က ခုနစ်ပုဒ်မြောက်သီချင်း ဖြစ်လာပြီးနောက် သီချင်းခြောက်ပုဒ်က Like Ooh-Ahh ၊ Cheer Up ၊ TT ၊ Likey ၊ Whar is Love 1နှင့် Fancy တို့ဖြစ်သည်။

Heart Shaker သီချင်းဗီဒီယိုသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာက ထွက်ရှိထားပြီး Merry & Happy တေးအယ်လ်ဘမ်ထဲတွင် ပါဝင်ထားသည်။

မိန်းကလေးအဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် Twice အဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်တွင် Dougnut ဂျပန်သီချင်း MV လည်း ထွက်ထားသည်။


READ NEXT
Cancel OK