တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်သရုပ်ဆောင် Yoon Eun Hye သည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
Yoon Eun Hye က ၎င်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းနှင့် ပရိသတ်များအနေဖြင့် ၎င်း၏အခြေအနေအပေါ် စိတ်အေးသက်သာစေရန် ၎င်း၏ကိုယ်ပိုင် Instragram အကောင့်တွင် ဒီဇင်ဘာ ၉ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်း၏ မိသားစုဝင်တစ်ဦး နာမကျန်းဖြစ်မှုကြောင့် စစ်ဆေးရာ၌ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည့်အတွက် ၎င်းကိုယ်တိုင်စစ်ဆေးကြည့်ရာ၌လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု Yoon Eun Hye က ပြောကြားခဲ့သည်။
“လက်ရှိမှာတော့ ရောဂါထိန်းချုပ်ရေး အာဏာပိုင်တွေ ချမှတ်ထားတဲ့ ကွာရန်တင်း စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်နေပြီး ကုသဖို့နဲ့ ပြန်လည်နာလန်ထူနိုင်ဖို့ သေချာကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီလိုသတင်းဆိုးကို မျှဝေပေးရတဲ့အတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်မ ပြင်းထန်ရောဂါလက္ခဏာတွေကို မခံစားရဘဲ ကောင်းကောင်းမွန်မွန် ရှိနေတဲ့အတွက် ကျွန်မကို အရမ်းလည်း မစိုးရိမ်ကြပါနဲ့။ လူတိုင်းလည်း ကျန်းမာရေးကို ဂရုတစိုက်ကြပါ” ဟု Yoon Eun Hye က ဆိုသည်။
Yoon Eun Hye က လက်ရှိတွင် JTBC ၏ ရသစုံရှိုးတစ်ခုဖြစ်သည့် “Cook King: Birth of the Cooking King” ဟူသည့် အစီအစဉ်တွင် ပါဝင်ရိုက်ကူးနေသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား