
အစ္စရေးနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အကြိမ် ၇၀ မြောက် Miss Universe ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်အလှမယ်ပေါင်း ၈၀ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ အသက် ၂၁ နှစ်အရွယ် အိန္ဒိယ အလှမယ် ဟာနတ်ဇ်ဆန်ဒူက သရဖူကို ထိုက် တန်စွာ ဆွတ်ခူးသွားခဲ့သည်။
ပြိုင်ပွဲကို အစ္စရေးနိုင်ငံ ပင်လယ်နီအပန်း ဖြေမြို့လေးဖြစ်သည့် အေးလတ်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲနောက်ဆုံးနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်းတွင် ယခင်နှစ်က Miss Universe Winner ဖြစ်ထားသည့် မက္ကဆီကိုအလှမယ် အန်ဒရီယာမတ်ဇာက လက်ရှိ အိန္ဒိယအလှမယ်ကို သရဖူလွှဲပြောင်းပေး လိုက်ပြီ ဖြစ်သည်။
အလှမယ်များက နိုင်ငံကိုယ်စားပြုဝတ်စုံ၊ ညနေခင်းဝတ်စုံ ၊ ရေကူးဝတ်စုံ ယှဉ်ပြိုင်မှု များအပြင် စကားပြောစွမ်းရည်ကို စမ်းသပ်သည့် အင်တာဗျူးမေးခွန်းများလည်း ဖြေဆို ကြရသည်။
အဆိုပါပြိုင်ပွဲတွင် ပါရာဂွေးအလှမယ် နာဒီယာ ဖရယ်ရာက1st Runner-up ဆုဖြင့် ကျေနပ်လိုက်ရပြီး တောင်အာဖရိကအလှမယ် လလယ်လာဆွိန်းက 2nd Runner-up ဆုရရှိကာ ကိုလံဘီယာအလှမယ်နှင့် ဖိလစ်ပိုင်အလှ မယ်တို့လည်း Top-5 အထိ တက်ရောက်နိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း လူရွှင်တော် စတိဗ် ဟာဗီကပင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
အစ္စရေးက အိမ်ရှင်အဖြစ် ကျင်းပသည့် ယခုနှစ် Miss Universe ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဖိအားနှင့်ကြုံခဲ့ရသည့် အလှမယ်အချို့လည်း ရှိနေခဲ့သည်။အစ္စရေးနှင့် သံတမန်ဆက်ဆံရေး မရှိသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကိုဗစ်ကပ်ရောဂါကို အကြောင်းပြကာ ယခုနှစ်ပြိုင်ပွဲတွင် ဝင်ပြိုင်ခြင်းမရှိဘဲ တောင်အာဖရိကနိုင်ငံကလည်း ၎င်းတို့နိုင်ငံကို ကိုယ်စားပြုကာ လာပြိုင်သည့် အလှမယ်ကို မထောက်ခံဟု ကြေညာထားသည်။
မလေးရှားနှင့် တောင်အာဖရိကနှစ် နိုင်ငံစလုံးက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ပါလက်စတိုင်းဘက်မှ ထောက်ခံကြသူများလည်း ဖြစ်သည်။ ယူအေအီးနိုင်ငံကမူ နိုင်ငံကိုယ်စားပြုအလှမယ် ရွေးရန် အချိန်မရ တော့သဖြင့်ဟုဆိုကာ ဝင်ရောက် မယှဉ်ပြိုင်တော့ပေ။
WHO က စိုးရိမ်ဖွယ်အမျိုးအစားအဖြစ် သတ်မှတ်ထားသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် ပျံ့နှံ့လာနိုင်သည့် အန္တရာယ်ကြောင့် အစ္စရေးနိုင်ငံက နိုင်ငံခြားသားများ ဝင်ရောက်မှုကို နှစ်ပတ်ကြာမပိတ်မီကတည်းက အလှ မယ်အများစု အစ္စရေးသို့ ရောက်နှင့်လာကြ သည်။
နောက်မှ ရောက်လာသည့် အလှမယ်များကမူ အထူးခွင့်ပြုချက်ဖြင့် ဝင်ရောက်ခွင့် ရကာ ၇၂ နာရီကြာ ကွာရန်တင်းနေခဲ့ရသည်။ပြိုင်ပွဲနောက်ဆုံးနေ့ မရောက်မီအထိလည်း ပြိုင်ပွဲဝင်များအားလုံးသည် ၄၈ နာရီတိုင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကြရသည်။
သို့သော် ပြင်သစ်အလှမယ် ကလမ်းမန့်စ်ဘိုတီနိုသည် အစ္စရေးသို့ ရောက်ရောက် ချင်းပင် ဗိုင်းရပ်စ် Positive ပြခဲ့သည့်အတွက် ကွာရန်တင်း ၁၀ ရက် နေလိုက်ရကာ ဗိုင်းရပ်စ် ကင်းရှင်းသွားပြီးနောက်မှ ပြန်လည် ပါဝင်ခွင့် ရခဲ့သည်။ ဟာနတ်ဇ်ဆန်ဒူမတိုင်မီ အိန္ဒိယ နိုင်ငံသည် Miss Universe သရဖူကို ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၀၀ ခုနှစ်တွင် တစ် ကြိမ်ဆွတ်ခူးထားဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်