Top News

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအရ တတိယနိုင်ငံသားများ တရားမဝင်ဝင်ရောက်နေမှုနှင့် အကြမ်းဖက်သမားများ နယ်စပ်တွင်ခိုအောင်းနေမှုများအပေါ် ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး
24htopnews | July 11, 2024 6:12 PM CST

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအရ တတိယနိုင်ငံသားများ တရားမဝင်ဝင်ရောက်နေမှုနှင့် အကြမ်းဖက်သမားများ နယ်စပ်တွင် ခိုအောင်းနေမှုများအား ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံရဲတပ်ဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် အကြိမ် (၉၀) မြောက် အင်တာပိုလ်အထွေထွေညီလာခံ (90th Session of INTERPOL General Assembly) သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံရာတွင် ယင်းကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့ရဲချုပ် H.E.Ploice General Damrongsak Kittiprapas နှင့် အင်တာပိုလ်ညီလာခံတွင် အလွတ်သဘော တွေ့ဆုံပြီးနောက် အောက်တိုဘာ ၂၂ ရက်တွင် ဘန်ကောက်မြို့ လေဆိပ်အနီး Novotal Hotel အစည်းအဝေးခန်းမ၌ ထိုင်းတော်ဝင်ရဲအဖွဲ့ ရဲဗိုလ်ချုပ် Khemmarin Hassiri ခေါင်းဆောင်သောအဖွဲ့နှင့် ထပ်မံတွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေမှု၊ မြန်မာနိုင်ငံသား အကြမ်းဖက်သမားများ ထိုင်းနိုင်ငံနယ်စပ်တွင် ခိုအောင်းနေမှုများသည် နယ်စပ်ဒေသလုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်စွာ ဖော်ထုတ်တားဆီး အရေးယူနိုင်ရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ နှစ်နိုင်ငံရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအင်တာပိုလ်ညီလာခံတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်သည် မလေးရှားနိုင်ငံ CID ညွှန်ကြားရေးမှူးချုပ် ရဲဗိုလ်ချုပ် Kamarudin BINMP DIW နှင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့ အင်တာပိုလ်အတွင်းရေးမှူးရဲမှူးချုပ် Amur Chandra Juli Buana နှင့်လည်းကောင်း သီးခြားတွေ့ဆုံ၍ နယ်စပ်ဒေသမှ တရားမဝင်ခိုးဝင်နေသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ ၎င်းတို့နိုင်ငံတွင် ရောက်ရှိနေသည့် ပြစ်မှုကျူးလွန်နေသူ မြန်မာနိုင်ငံသားများ ဖမ်းဆီးလွှဲပြောင်းပေးရေးတို့ကို နှစ်နိုင်ငံတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရေး၊ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Chidf Prosecutor (ရှေ့နေချုပ်) Mr.MOTORENKS MKAALL ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲချုပ် Mr.Chowdhury Abudullah Al MAMUN ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အင်တာပိုလ်အမှုဆောင်ကော်မတီဝင် Mr.Binchen HU  ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသတွင် Online လောင်းကစားမှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လန်ချန်း-မဲခေါင် မြစ်ကြောင်းလုံခြုံရေးတွင် LMLECC နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK