Top News

ကဗျာဆရာကြီး ဆရာအောင်ချိမ့် ကွယ်လွန်
24htopnews | July 5, 2024 5:13 PM CST

ကဗျာဆရာကြီး ဆရာအောင်ချိမ့်သည် ယနေ့ (သြဂုတ် ၉ ရက်) ည  ၈ နာရီ ၁၂ မိနစ်က ကွယ်လွန်သွားကြောင်း ဆရာအောင်ချိမ့်၏ သမီး​ဖြစ်သူက ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" 8:12 PM ချိမ့်မွေးနေ့မှာ ပါးဆုံးသွားပါပြီ" ဟု ဆရာအောင်ချိမ့်၏ သမီးဖြစ်သူက ရေးသားထားသည်။

ဆရာအောင်ချိမ့်ကို ၁၉၄၈ ခုနှစ်က မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည်။

ဆရာအောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္တဝင်မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာတို့ ဖြစ်သည်။

ဆရာကြီး အောင်ချိမ့်၏ ကဗျာများကို လူငယ်များလည်း ကြိုက်နှစ်သက်ကြပြီး " ငါရှူံးပါစေ တရားက နိုင်ပါစေ" အစရှိသည့် ဆရာအောင်ချိမ့်၏ စာသားများကို ရေးသားကာ ကွယ်လွန်မှုအတွက် အမှတ်တရရေးသားခြင်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။


READ NEXT
Cancel OK