အိန္ဒိယနိုင်ငံအတွက် ကိုဗစ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Annie Lennox ၊ Ed Sheeran နှင့် Sir Mick Jagger အပါအဝင် နာမည်ကျော် အနောက်တိုင်းအဆိုတော်များနှင့် ဘောလိဝုဒ်စတားများ ပူးပေါင်းပြီး ရန်ပုံငွေပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။
“We For India : Saving Lives” အမည်ဖြင့်ပြုလုပ်မည့် အဆိုပါအွန်လိုင်းရန်ပုံငွေရှာဖွေပွဲကို သြဂုတ် ၁၅ ရက် (တနင်္ဂနွေ) တွင် လန်ဒန်နှင့် မွမ်ဘိုင်းနှစ်နေရာစလုံးတွင် ပြုလုပ်မည်ဖြစ်ပြီး ကြာမြင့်ချိန် သုံးနာရီရှိမည်ဖြစ်ကာ Facebook မှ Livestream ပြသမည်ဖြစ်သည်။
အဆိုပါပွဲတွင် အိန္ဒိယဘက်မှ တေးရေး တေးဆို AR Rahman အပါအဝင် လူ ၈၀ ကျော် ပါဝင်တင်ဆက်မည်ဖြစ်ပြီး အခြားနိုင်ငံခြားဂီတအသိုင်းအဝိုင်းမှ Nile Rodgers ၊ Sister Sledge ၊ Jay Shetty နှင့် Nancy Ajram တို့လည်း ပါဝင်ကူညီမည်ဖြစ်သည်။
အခမ်းအနားမှူးအဖြစ် အော်စကာနှင့် ဘတ်ဖ်တာဆုအတွက် အဆိုပြုခံရသည့် The White Tiger ရုပ်ရှင်ထဲမှ Rajkummar Rao က ဆောင်ရွက်ပေးမည်။
အိန္ဒိယနိုင်ငံတွင် ယခုကိုဗစ်ဒုတိယလှိုင်းကာလအတွင်း ဆေးရုံတက်ရောက်မှုအတော်လေးမြင့်မားခဲ့ပြီး လူနာအများစုသည် ကျန်းမာရေးစရိတ် မတတ်နိုင်တော့ သည့်အတွက် ရန်ပုံငွေလှူဒါန်းမှုများဘက်ကို အားကိုးလာရသည်။
အိန္ဒိယဆေးရုံများ၌ အောက်ဆီဂျင်ပြတ်လပ်ကာ မလောက်ငှသည့် စိတ်မချမ်းသာဖွယ်မြင်ကွင်းများလည်း ကမ္ဘာအနှံ့က မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
အိန္ဒိယအစိုးရက ပြည်တွင်းရှိ လူကြီး သက်ကြီးအားလုံးကို ၂၀၂၁ နှစ်ကုန်အမီ ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်ဟု ကတိပြုထားသော်လည်း “ကာကွယ်ဆေးအလုံအလောက်ရှိပါရဲ့လား” ဆိုသည်ကို သံသယဖြစ်နေကြသည်။
ရန်ပုံငွေပွဲမှရရှိလာမည့်အကျိုးအမြတ်များကို အရေးပေါ်အသက်ရှူစက်များ၊ အောက်ဆီဂျင်စက်များ၊ လိုအပ်သည့် ဆေးဝါးကိရိယာများ ဖြည့်ဆည်းထောက်ပံ့ပေးရန် သုံးစွဲသွားမည်ဖြစ်ကာ ကာကွယ်ဆေး ထိုးပေးသည့် စင်တာများမှ ဝန်ထမ်းများကိုလည်း ထောက်ပံ့မည့်အပြင် ကျပ်တည်းဒုက္ခရောက်နေသူများကိုလည်း ကူညီမည်ဟု သိရသည်။
အိန္ဒိယတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးစရိတ်သည် နိုင်ငံ GDP ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိပြီး ကမ္ဘာပေါ်တွင် အနည်းဆုံး သုံးစွဲသည့်နိုင်ငံများထဲ ပါဝင်နေကာ နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် မည်သည့်ကျန်းမာရေး အာမခံမှ မရရှိကြပေ။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား