
အမေရိကန်အဆိုတော် Lizzo သည် မကြာခင် “Rumors” အမည်ဖြင့် သီချင်းသစ်တစ်ပုဒ် ထွက်ရှိမည်ဖြစ်ပြီး Featuring အဖြစ် အမေရိကန်ရက်ပ်အဆိုတော် Cardi B က ပါဝင်သီဆိုထားသည်။
ထိုသတင်းကို အသက် ၃၃ နှစ်အရွယ် Lizzo က ပြီးခဲ့သည့်ရက်ပိုင်းက အင်စတာဂရမ်တွင် မျှဝေထားခြင်းဖြစ်သည်။
သြဂုတ် ၁၃ ရက် (သောကြာနေ့) တွင် ထွက်လာမည့် “Rumors” သည် ၂၀၁၉ ခုနှစ် ဧပြီတွင် “Cuz I Love You” စတူဒီယို အယ်လ်ဘမ်ထွက်လာပြီးနောက်ပိုင်း Lizzo ၏ ပထမဆုံး single သီချင်းသစ်ဖြစ်သည်။ ဂရမ်မီဆုရ “Cuz I Love You” အယ်လ်ဘမ်ထဲမှ “Truth Hurts” ၊ “Good as Hell” နှင့် “Juice” သီချင်းများသည်လည်း အလွန်အောင်မြင်ခဲ့သည်။
Cardi B ကလည်း ၂၀၂၁ ခုနှစ်ကို “Up” သီချင်းဖြင့် စတင်ခြေလှမ်းထားပြီး DJ Khaled ၏ “Big Paper” ၊ Migos အဖွဲ့၏ “Type Shit” နှင့် Normani ၏ “Wild Side” သီချင်းများတွင် Featuring ပါဝင်ထားသည်။
Lizzo သည် စက်တင်ဘာတွင် ကျင်းပမည့် Bonnaroo Music & Arts ပွဲတော်နှင့် Global Citizen ဖျော်ဖြေပွဲအပါအဝင် ရှေ့လျှောက်ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲအချို့တွင် ပါဝင်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်