၂၀၂၁ ခုနှစ် Video Music Awards (VMA) ချီးမြှင့်ပွဲအတွက် အဆိုပြုခံရသူစာရင်းကို MTV အမေရိကန် ကေဘယ်ချန်နယ်က သြဂုတ် ၁၁ ရက်တွင် ကြေညာထားရာ Justin Bieber က ဆုခုနစ်ဆုအတွက် ထိပ်ဆုံးနေရာမှ အဆိုပြုခံထားရသည်။
ဘီဘာသည် DJ Khaled ၏ Popstar သီချင်းတွင် ပါဝင်ထားမှုဖြင့် Video of the Year ဆု ၊ Daniel Caesar နှင့် Giveon တို့ Featuring ပါဝင်ပေးထားပြီး ဘီဘာကိုယ်တိုင်လည်း ဆိုထားသည့် “Peaches” သီချင်းအတွက် Artist of the Year ဆု၊ Best Collaboration ဆုတို့ဖြင့် အဆိုပြုခံထားရသည်။
Artist of the Year ဆုအပါအဝင် ခြောက်ဆုအတွက် အဆိုပြုခံထားရသူက Megan Thee Stallion ဖြစ်ပြီး သူမနှင့် Cardi B တို့ တွဲဖက်သီဆိုထားသည့် “WAP” သီချင်းက Video of the Year ၊ Song of the Year နှင့် Best Collaboration ဆုများအတွက် အဆိုပြုခံထားရသည်။
Billie Eilish ၊ BTS ၊ Lil Nas X ၊ Doja Cat ၊ Drake ၊ Olivia Rodrigo နှင့် Giveon တို့ကမူ ဆုငါးဆုအတွက် အဆိုပြုလျာထားခံရသည်။
ထို့ပြင် Video of the Year ဆုအတွက်လည်း The Weekend ၏ “Save Your Tears” ၊ Doja Cat ၏ “Kiss Me More” ၊ Ed Sheeran ၏ “Bad Habits” နှင့် Lil Nas X ၏ “Montero (Call Me By Your Name)” သီချင်းတို့ အဆိုပြုခံထားရသည်။
၂၀၂၁ #VMAs အတွက် မဲပေးမှုများကိုလည်း စတင်နေပြီဖြစ်ပြီး https://t.co/jpKQNi7sQk သို့ သွားရောက်မဲပေးနိုင်ပြီဖြစ်ကာ စက်တင်ဘာ ၁၂ ရက်တွင် ဆုပေးပွဲကို ကျင်းပမည်ဖြစ်သည်။
Artist of the Year ဆုအတွက် အဆိုပြုခံထားရသည့် မိန်းကလေးအဆိုတော်များထဲ Ariana Grande ၊ Doja Cat ၊ Olivia Rodrigo နှင့် Taylor Swift တို့လည်း ပါဝင်ထားသည်။
Song of the Year ဆုအတွက်ကိုမူ Dua Lipa ၏ “Levitating” ၊ Olivia Rodrigo ၏ “Drivers License” ၊ BTS အဖွဲ့၏ “Dynamite” ၊ Bruno Mars နှင့် Anderson Paak တို့သီဆိုထားသည့် “Leave the Door Open” ၊ 24kGoldn ၏ “Mood” သီချင်းတို့ကို လျာထားသည်။အဆိုပြုခံရသူများ စာရင်းအပြည့်အစုံကို MTV ၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတွင် သွားရောက်ကြည့်ရှုနိုင်သည်။
၂၀၂၁ MTV VMAs အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်တွင် နယူးယော့ခ်စီးတီးရှိ Barclays Center အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ဆုရသူများအား MTV နှစ် ၄၀ ပြည့် အထိမ်းအမှတ် ပန်းချီအနုပညာရှင် Kehinde Wiley ဒီဇိုင်းဖန်တီးထားသည့် Moon Person ရုပ်တုသစ်ကို ချီးမြှင့်မည်ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား