
၂၀၁၉ ခုနှစ် ဇူလိုင်တွင် ဂေးအဖြစ် လူသိရှင်ကြားကြေညာထားသည့် အသက် ၂၂ နှစ်အရွယ် အမေရိကန်ရက်ပါအဆိုတော် Lil Nas X က “Montero (Call Me By Your Name)” မြူးဇစ်ဗီဒီယို ထွက်ရှိပြီးသည့်နောက် မလုံခြုံသလိုခံစားလာရကြောင်း Variety နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
မတ်လကထွက်ထားသည့် “Montero” သီချင်းဗီဒီယိုတွင် Lil Nas X ၏ တိုင်ပတ်အကလှုပ်ရှားမှုများနှင့် မကောင်းဆိုးဝါးကို သွေးဆောင်ဖြားယောင်းနေပုံများကို ရိုက်ကူးထားသည်။
“မလုံခြုံသလို ခံစားရတဲ့အခါတွေ အများကြီးရှိခဲ့တယ်။ အထူးသဖြင့် “Montero” ထွက်ပြီးနောက်ပေါ့။ အဲဒီဗီဒီယိုထွက်လာပြီး ရက်ပိုင်းကြာတော့ ကျွန်တော့်ရဲ့ကားနောက်ကို တစ်စုံတစ်ယောက်လိုက်လာပြီး အော်ဆဲသွားတာမျိုးလည်းရှိတယ်” ဟု Lil Nas X က ပြောသည်။
“Montero” အမည်ဖြင့်ထွက်ရှိလာမည့် Lil Nas X ၏ တေးအယ်လ်ဘမ်သစ်တွင်လည်း ထိုသီချင်း ပြန်ပါမည်ဖြစ်ပြီး အခွေသစ်သည် သူ့အတွက်ပိုပြီး ပါဆင်နယ်ဆန်ထားသည်ဟု အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်