အမေရိကန်ရော့ခ်အဖွဲ့ The Killers သည် Pressure Machine အမည်ဖြင့် ခုနစ်ခုမြောက် စတူဒီယိုအယ်လ်ဘမ်သစ်ကို သြဂုတ် ၁၃ ရက်တွင် ဖြန့်ချိလိုက်ပြီဖြစ်ပြီး တစ်ပြိုင်တည်း “Quiet Town” သီချင်းမြူးဇစ် ဗီဒီယိုလည်း ထွက်လာခဲ့သည်။
“Quiet Town” သီချင်းကို အန်နီမေးရှင်းဗီဒီယိုအဖြစ် ရိုက်ကူးထားပြီး အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သည့် Brandon Flowers အသက် ၁၀ နှစ်မှ ၁၆ နှစ်အထိနေထိုင်ခဲ့ရာ ယူတာပြည်နယ်ရှိ Nephi မြို့လေးတွင် ရိုက်ကူးထားခြင်းဖြစ်သည်။
Pressure Machine အခွေသစ်တွင် “Runaway Horses” အပါအဝင် သီချင်းအားလုံး ၁၁ ပုဒ် ပါဝင်ထားသည်။
အရာအားလုံးတိတ်ဆိတ် ရပ်တန့်သွားစေခဲ့သည့် COVID-19 ကပ်ရောဂါကြောင့် Pressure Machine ဖြစ်လာသည်ဟုလည်း Brandon Flowers က ပြောခဲ့ဖူးသည်။ အဆိုပါအယ်လ်ဘမ်သစ်ကို ကြော်ငြာသည့်အနေဖြင့် The Killers အဖွဲ့က သြဂုတ် ၁၉ ရက်တွင် Vancouver, B.C မှ စတင်ကာ မြောက်အမေရိက လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား