Khloe Kardashian က သူမ၏ သဘာဝအတိုင်းရှိသော ဆံပင်အရည်အသွေးကို ပြသခဲ့ပြီးနောက် လူမှုမီဒီယာနှင့်ပတ်သက်၍ စိတ်စနိုးစနောင့် ဖြစ်ရပုံအကြောင်းများကို ပြောပြခဲ့သည်။ သူက လူအချို့သည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အချို့ကအရာရာအပေါ် လိုက်လံသုံးသပ် အကဲဖြတ်နေတတ်ကြောင်း ပြောကြားခဲ့သည်။
သူသည် Keeping Up With the Kardashians အစီအစဉ်တွင် ၁၂ ရာသီ ပါဝင်ခဲ့သော်လည်း လူမှုမီဒီယာနှင့်ပတ်သက်၍ ယခုအချိန်အထိ စိုးရိမ်မှုကို ခံစားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Reality အစီအစဉ်၏ စတားတစ်ဦးဖြစ်သော အသက် ၃၇ နှစ် အရွယ်ရှိ Khloe Kardashian က သြဂုတ် ၁၃ ရက်တွင် ပြင်ဆင်ထားခြင်းမရှိသည့် သူမ၏ခွေလိပ်နေသောဆံပင်များကို သူမကိုယ်တိုင် ဓာတ်ပုံတစ်ပုံဖြင့်ပြသကာ ဖြန့်ဝေခဲ့သည်။
သူမ၏ မြင်တွေ့နေကျမဟုတ်သော အသွင်အပြင်ကြောင့် Comment များ ပိုးစိုးပက်စက် ရေးကြမည်ကို အနည်းငယ်ကြောက်လန့်ခဲ့ကြောင်း Khloe Kardashian က အရိပ်အမြွက် ပြောကြားခဲ့သည်။
“ကျွန်မရဲ့ သဘာဝအတိုင်း ရှိနေတဲ့ဆံပင်ကို ကျွန်မပြသခဲပါတယ်။ အဲဒီအတိုင်းက ချစ်စရာကောင်းတယ်လို့တော့ ထင်ပါတယ်” ဟု Khloe က ရေးသားခဲ့သည်။ သို့သော် “အဲဒီခံစားမှုလေးကို မဖျက်ဆီးကြပါနဲ့လားရှင်” ဟု စိုးရိမ်တကြီးလည်း ပြောကြားထားသည်။
သူမ၏ပရိသတ်က သူမ၏သတ္တိအတွက် အလျင်အမြန် ချီးကျူးခဲ့ကြသည်။
ပရိသတ်တစ်ဦးက “Khloe အနေနဲ့ ဒီဓာတ်ပုံမရိုက်ကူးခင်မှာ သံသယရှိခဲ့နိုင်တယ်လို့ သိပါတယ်။ ဒါပေမဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ အများကြီးရခဲ့ပါတယ်။ သူမအနေနဲ့ ကျေကျေနပ်နပ်ကြီး လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရေးသားခဲ့သည်။
Khloe က သူ့အနေဖြင့် လူမှုမီဒီယာနှင့်ပတ်သက်၍ အဘယ်ကြောင့် စိုးရိမ်သောကရောက်မှုကို ခံစားရကြောင်း တိုက်ရိုက်တုံ့ပြန် ပြောကြားရာတွင်လည်း ယင်းသည်ရက်စက် ကြမ်းကြုတ်လာနိုင်၍ဖြစ်ကြောင်း အကြောင်းပြခဲ့သည်။
Khloe သည် လူမှုမီဒီယာ အသုံးပြုရန်ပင်လျှင် တွန့်ဆုတ်ခဲ့သေးကြောင်းလည်း ပြောကြားခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား