တောင်ကိုရီးယားဒရာမာ Hellbound တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရရှိ
24htopnews | July 5, 2024 5:13 PM CST
Yoo Ah In ခေါင်းဆောင်ပါဝင်ထားသည့် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Hellbound သည် ၄၆ ကြိမ်မြောက် တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသရန် ဖိတ်ကြားခံထားရသည်။
Netflix တွင် စတင်ပြသမည့် Hellbound ဇာတ်လမ်းတွဲသစ်ကို ဒါရိုက်တာ Yeon Sang Ho (Train to Busan ရိုက်ကူးသူ) က ရိုက်ကူးထားခြင်းဖြစ်ပြီး တိုရွန်တိုရုပ်ရှင်ပွဲတော်တွင် ပြသရန် ဖိတ်ကြားခံရသည့် ပထမဆုံး တောင်ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သည်။
သဘာဝလွန်ဖြစ်ရပ်များနှင့် လူသားတို့ ရင်ဆိုင်ရသည့် ကမ္ဘာအကြောင်းကို ရိုက်ကူးထားကာ မင်းသား Yoo Ah In က Saejinrihoe ဘာသာရေးခေါင်းဆောင်နေရာမှ ပါဝင်ထားသည်။
မြောက်အမေရိက၏ အကြီးဆုံးရုပ်ရှင်ပွဲတော်ဖြစ်သည့် တိုရန်တို ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ထိုအတောအတွင်း Hellbound ဇာတ်လမ်းတွဲကိုလည်း Netflix တွင် ပြသသွားမည်ဖြစ်သည်။
READ NEXT
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား