Top News

The Suicide Squad ရုပ်ရှင်ဇာတ်ကားက ပွဲကြိုပြသမှုတွင် စံချိန်တင်အဖြစ် အမေရိကန်ဒေါ်လာ ၄.၁ သန်း ရရှိ
24htopnews | July 5, 2024 5:12 PM CST

Warner Bros. and DC ကုမ္ပဏီ၏ The Suicide Squad ရုပ်ရှင်ဇာတ်ကားသည် သြဂုတ် ၅ ရက်က ပွဲကြိုပြသမှုတွင် စံချိန်တင်အဖြစ် အမေရိကန်ဒေါ်လာ ၄.၁ သန်းရရှိခဲ့ရာ မြောက်အမေရိက Box Office တွင် ကပ်ရောဂါကာလ ပွဲကြိုပြသမှုများအနက် R-rated ရုပ်ရှင်များတွင် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည်။

အဆိုပါ Antiheroes ရုပ်ရှင်ဇာတ်ကားကို James Gunn က ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး Margot Robbie ၊ Idris Elba ၊ John Cena ၊ Joel Kinnaman ၊ Sylvester Stallone ၊ Viola Davis ၊Jai Courtney နှင့် Peter Capaldi တို့က ဦးဆောင်ပါဝင် သရုပ်ဆောင်ထားသည်။

DC Extended Universe ရုပ်ရှင်စီးရီးတွင် ဒသမမြောက် ဇာတ်ကားဖြစ်သော The Suicide Squad သည် ထပ်ဆောင်းငွေကြေးမလိုဘဲ HBO Max ၌လည်း တစ်ပြိုင်နက် စတင်ပြသခဲ့သည်။

James Gunn ၏ ရုပ်ရှင်သည် ဖြစ်ပွားနေဆဲ COVID-19 နှင့် ဒယ်လ်တာမျိုးကွဲတို့ ကူးစက်ပျံ့နှံ့မှုကြောင့် ပရိသတ်များအတွက် စိုးရိမ်နေရသည့်အကြား စတင်ပြသမှုကြောင့် ဝေဖန်ခံခဲ့ရသည်။ COVID-19 တစ်ကျော့ပြန် ခေါင်းထောင်ထလာမှုကြောင့် ရုပ်ရှင်ဇာတ်ကားတို့၏ ဝင်ငွေများ Box Office တွင် ပြန်လည်နာလန်ထလာမှု ရပ်တန့်ခဲ့ရသည်။

Warners ကုမ္ပဏီ၏ ခန့်မှန်းချက်အရ ယခုရုပ်ရှင်ကို ပြည်တွင်း၌ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိနိုင်မည်ဟု သိရသည်။ ယင်းကို လွန်ခဲ့သည့် တစ်လက Marvel’s Black Widow ရုပ်ရှင်အတွက် Disney က ရရှိခဲ့သည့် အမေရိကန် ဒေါ်လာသန်း ၈၀ နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

The Suicide Squad သည် ၂၀၁၆ ခုနှစ်က David Ayer ရိုက်ကူးခဲ့သည့် Suicide Squad ဇာတ်ကား ပြီးနောက် အဆိုပါကုမ္ပဏီ၏ လူကြိုက်များမှုကို ပြန်လည်မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ယခုဇာတ်ကားတွင် နာဇီခေတ်က ဓာတ်ခွဲခန်းကို ဖျက်ဆီးပစ်ရန် စီရင်ချက်ကို အကောင်အထည်ဖော်သည့် အုပ်စုတစ်စုအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

၎င်းတို့၏ လမ်းတစ်လျှောက်တွင် Starro အမည်ရှိ ဧရာမဂြိုဟ်သားကြီးတစ်ဦးနှင့် ရင်ဆိုင်ရပုံကို ရိုက်ကူးတင်ပြထားသည်။


READ NEXT
Cancel OK