
တောင်ကိုရီးယား နာမည်ကျော် K-Pop အဖွဲ့ BTS ၏အဖွဲ့ဝင် J-Hope က ဇိမ်ခံပန့်ဟောက်စ်တစ်ခုကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ပြီး အပြည့်အစုံကို ငွေသားဖြင့်သာ ရှင်းခဲ့ကြောင်း သိရသည်။
ဇွန် ၂၀ ရက်တွင် Ten Asia သတင်း၏ ဖော်ပြချက်အရ BTS အဖွဲ့ဝင် J-Hope သည် ဆိုးလ်မြို့တော် ယောင်းဆန်းဂူခရိုင်ဆိုဘင်းဂိုဒေါင်ရပ်ကွက်တွင် တည်ရှိသော အေဖာဟန်ဂန်းပန့်ဟောက်စ်ကို ငွေသားဖြင့်ဝယ်ယူခဲ့ကြောင်းဖော်ပြထားသည်။
နှစ်ထပ်ပါရှိသော ယင်းပန့်ဟောက်စ်၏ အကျယ်သည် ၂၇၃ ဒသမ ၈၆ စတုရန်းမီတာရှိသည်ဟု ဆိုသည်။
J-Hope သည် ယင်းနေရာတွင် ၂၀၂၀ ပြည့်နှစ်က အခြေချနေထိုင်ခဲ့ပြီး ဇွန် ၁၀ ရက် ၌ ပိုင်ဆိုင်မှုကို အပြီးလွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ အိမ်ခြံမြေလောက၌ အေဖာဟန်ဂန်း ပန့်ဟောက်စ်၏ အရောင်းတန်ဖိုးသည်ပျမ်းမျှ ဝမ် ၁၂ ဘီလျံ(ဒေါ်လာ ၈ ဒသမ ၆ သန်း)ဖြစ်သည်။
ယင်းအေဖာဟန်ဂန်း၏ ဗိသုကာဒီဇိုင်းကို Hongik တက္ကသိုလ်မှ ပါမောက္ခယူးဟွန်ဂျွန်က ပြန်လည်မွမ်းမံပြင်ဆင်ပေးထားခြင်းဖြစ်သည်။
ယောင်ဆန်းပန်းခြံဘေးတွင်တည်ရှိသည့် အေဖာဟန်ဂန်းအဆောက်အအုံတွင် နေထိုင်သူများအနေဖြင့် ယောင်ဆန်းပန်းခြံနှင့်ဟန်မြစ်တို့၏ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်သည်။
နေထိုင်သူများသည် သီးသန့်ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်ကာ ဇိမ်ခံကားဝန်ဆောင်မှု၊ အိမ်သန့်ရှင်းရေးဝန်ဆောင်မှုနှင့် အငှားယာဉ်မောင်းမှအစ အိမ်ထောင်စုစီမံခန့်ခွဲမှု ဝန်ဆောင်မှုများအပါအဝင် အထူးဝန်ဆောင်မှုများလည်း ရရှိမည်ဖြစ်သည်။
ယခင်က J-Hope သည်ဆိုးလ်မြို့တော် ဆောင်းဒုံဂူခရိုင် ဆောင်းဆူဒုံရပ်ကွက် ထရိုင်မေ့ချ်ရှိ ဇိမ်ခံတိုက်ခန်းနှစ်ခန်းကိုဝယ်ယူခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
J-Hope သည် လွန်ခဲ့သည့်ဧပြီလကစစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အမှတ် ၃၆ ခြေလျင်တပ်ရင်း၏ တပ်သားသစ်လေ့ကျင့်ရေးစင်တာတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
သူသည် အောက်တိုဘာ ၁၇ ရက်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဟု သိရသည်။
J-Hope သည်စစ်မှုထမ်းတာဝန်ထမ်းဆောင်နေရသော်လည်း ၎င်း၏အယ်လ်ဘမ်အသစ်သည် အမေရိကန် Billboard စာရင်းတွင် ထိပ်ဆုံးနေရာ၌ရပ်တည်လျက်ရှိသည်။ မတ် ၂၉ ရက်က ထွက်ရှိခဲ့သော၎င်း၏အထူး အယ်လ်ဘမ်“HOPE ON THE STREET VOL.1”သည် အဓိကအယ်လ်ဘမ်စာရင်း Billboard 200 တွင် ပါဝင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်