
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စက်တင်ဘာလဆန်းပိုင်းအတွင်း ပြုလုပ်မယ့် BIMSTECS ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ တက်ရောက်မှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောဆိုကြောင်း Thai PBS World သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
ဘင်္ဂလားပင်လယ်အော် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTECS ရဲ့ ၅ ကြိမ်မြောက် အစည်းအဝေးကို မိုဒီတက်ရောက်လိမ့်မယ်လို့ အမည်မဖော်လိုတဲ့ ယင်း သံတမန်သတင်ရင်းမြစ်က ပြောဆိုတယ်လို့ သိရပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် BIMSTECS ရဲ့ အရေးကြီးမှုကို ဖော်ညွှန်းတဲ့ အချက်ဖြစ်တယ်လို့ ယင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဆိုင်းငံ့ထားခဲ့ရတဲ့ ယင်းအစည်းအဝေးသို့ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတို့မှ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်တယ်လို့ ယင်း သတင်းရင်းမြစ်ရဲ့ အပြောအရ သိရပါတယ်။
လက်ရှိဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ သာယာဝပြောမှု၊ ခံနိုင်ရည်ရှိမှု၊ ပွင့်လင်းမှုတို့ကို ကိုယ်စားပြုတဲ့ PRO BIMSTEC ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ကျင့်သုံးကြောင်း သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဥက္ကဋ္ဌနိုင်ငံက မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာလည်း BIMSTECS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှာ နယူးဒေလီမှာ လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Thai PBS World
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်