ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိ ခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုမရှိစေရေးအ တွက် ယခင်ထက်ပိုမိုထိရောက်သော ကာ ကွယ်စောင့်ရှောက်မှုများကို စီမံဆောင်ရွက် ပေးရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုအား ရခိုင်ပြည်နယ်လွှတ်တော် ဆွေးနွေးမည်ဖြစ်သည်။
ယင်းအဆိုအား ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဘူးသီး တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်း ခဲ့ခြင်းဖြစ်ကာ အဆိုအား မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှ သိန်းအောင်က ထောက်ခံဆွေးနွေးခဲ့ပြီး အ ဆိုအား လက်ခံဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ကန့် ကွက်သူမရှိသဖြင့် အဆိုအားဆွေးနွေးရန် အတည်ပြုခဲ့သည်။
“ကျွန်တော် ဒီအဆိုကိုတင်ရတာက တစ်ဆက်တည်း တိုက်ပွဲဖြစ်တာ အခုဆိုရင် တစ်နှစ်ပြည့်တော့မယ်။ ၂၀၁၅ -၁၆ လောက် ကတည်းက ပလက်ဝဘက်ကစပြီး ဖြစ်လာခဲ့ တယ်။ အဲဒီတော့ တိုက်ပွဲက မူလအခြေအ နေထက် စစ်ဘောင်ကျယ်လာတယ်။ အခု ဆိုရင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်းတွေအထိဖြစ် လာတဲ့အတွက် အရပ်သားပြည်သူသေဆုံးမှု ဟာ ဒီနှစ်တစ်နှစ်အတွင်းမှာ ၁၀၀ လောက် သေဆုံးမှုရှိနေပြီး ထိခိုက်မှုကလည်း နှစ်ရာ ကျော်အထိ ရောက်လာတဲ့အတွက် အရပ် သားပြည်သူတွေကို ထိထိရောက်ရောက်ကာ ကွယ်ပေးဖို့အတွက်ကို ကျွန်တော်တို့ ရခိုင် ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆို ဖြစ်ပါတယ် ခင်ဗျ။ ကန့်ကွက်သူမရှိတဲ့အ တွက် ဆွေးနွေးဖို့အတည်ဖြစ်သွားပါတယ်” ဟု အဆိုရှင် ဦးထွန်းအောင်သိန်းက ပြောကြားသည်။
လက်ရှိအနေအထားတွင် တိုက်ပွဲရှောင် စခန်းများနှင့် ကျေးရွာများတွင် လက်နက် ကြီးကျည်ကျရောက်သည့်အတွက် ပိုမိုလုံခြုံ ရန်လိုအပ်နေကြောင်း၊ အရပ်သားများလုံခြုံ ရေးသည် လွန်စွာအရေးကြီးသည့်ကိစ္စဖြစ်ပြီး ပြည်သူများအနေဖြင့် လက်နက်ကြီး၊ လက် နက်ငယ်များကျရောက်မည်ကို စိုးရိမ်နေကြ ရကြောင်းလည်း ဦးထွန်းအောင်သိန်းက ဆက်လက်ပြောကြားသည်။
ယင်းအဆိုအား ဆွေးနွေးလိုသူများအနေဖြင့် ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထားပြီး လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရသူအရေအတွက်မှာ ယခုလအတွင်း စာရင်းများအရ ၉၆၀၀၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ကြောင်းလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး