
ဘောလိဝုဒ်ပရိသတ်များအကြား ကေပေါ့အဆိုတော် လီဆာနှင့်တူသည့် ဆယ်လီ ကလေးငယ်တစ်ဦးကို သတိထားမိလာကြပြီး ထိုကလေးက အခြားသူမဟုတ်။ အဘီရှစ်ခ်ဘဂျမ်းနှင့် အက်ရှ်ဝါယာရိုင်ဘဂျမ်းတို့၏ သမီး၊ ကမ္ဘာကျော်မင်းသားကြီး အမီတာဘဂျမ်း၏ ၁၀ နှစ်အရွယ်မြေးမလေး အာရတ်ဒ်ယာဘဂျမ်းပင် ဖြစ်သည်။
အွန်လိုင်းတွင် မျိုးချစ်သီချင်းများကို အမူအရာပိုပိုဖြင့်လိုက်ဆိုထားသည့် အာရတ်ဒ်ယာ၏ ဗီဒီယိုအောက်တွင် မှတ်ချက်ပေးသူ အများအပြားရှိခဲ့ပြီး အာရတ်ဒ်ယာကို Black Pink အဖွဲ့ဝင်လီဆာနှင့်တူသည်ဟု ပြောဆိုနေကြသည်။
ဗီဒီယိုထဲတွင် အာရတ်ဒ်ယာက အိန္ဒိယနိုင်ငံအလံ နောက်ခံထားကာ မျိုးချစ်သီချင်းများကို မာန်ပါပါဖြင့်လိုက်ဆိုထားသည်။ သူမကို လီဆာနှင့်ချွတ်စွပ်တူသည်ဟု မှတ်ချက်ပေးသူများလည်းရှိသည်။
သို့သော်ပရိသတ်အများစုက ကလေးသည် မိခင်ဖြစ်သူနှင့်ပိုတူလှသည်ဟု ချီးမွမ်းခန်းဖွင့်ကြသည်။ အရမ်းတော်ပြီး မိခင်အတိုင်းပဲဟု ပြောသူများလည်းရှိသလို အက်ရ်ှဝါယာရိုင်အငယ်စားလေး သိပ်ချစ်စရာကောင်းသည်ဟု ဝင်မန့်သူများလည်းရှိသည်။
၎င်းဗီဒီယိုသည် လတ်တလောသီတင်းပတ်များအတွင်း အွန်လိုင်းပေါ်ရောက်လာသည့် အာရတ်ဒ်ယာဘဂျမ်း၏ ဒုတိယမြောက် ဗီဒီယိုဖြစ်သည်။ အရင်ဗီဒီယိုတွင် သူမက ခရစ္စမတ်သီချင်းဆိုပြထားပြီး တစ်ဦးကိုတစ် ဦးကူညီဖေးမကြရန်၊ ခရစ္စမတ်ကာလမဟုတ်လည်း ဆန်တာသဖွယ် ကူညီနေထိုင်ကြရန် အရွယ်နှင့်မလိုက်ချစ်စဖွယ် တိုက်တွန်းထားသည်။ အင်တာဗျူးတစ်ခုတွင် ဖခင်အဘီရှစ်ဘဂျမ်းက သမီးအာရတ်ဒ်ယာကို မိခင်အက်ရှ်ဝါယာက ကောင်းစွာသင်ပြပျိုးထောင်ပေးထားသည်ဟု ပြောခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်