Top News

All of Us are Dead ဇာတ်လမ်းတွဲမှ ဇာတ်ပို့မင်းသမီး Cho Yi Hyun ကို ပရိသတ်များက Season 2 တွင် ပိုမိုနေရာရစေလို
24htopnews | June 27, 2024 3:12 AM CST

Netflix မှပြသသည့် တောင်ကိုရီးယား သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ All of Us are Dead သည် ကမ္ဘာတဝန်းပရိသတ်အကြိုက်တွေ့စေခဲ့ပြီး ပါဝင်ထားသည့် သရုပ်ဆောင်များမှာလည်း နာမည်ရလာခဲ့သည်။

အပိုင်း ၁၂ ပိုင်းပါဝင်သည့် အဆိုပါဇာတ်လမ်းတွဲကို ဇန်နဝါရီ ၂၈ ရက်က စတင်ထုတ်လွှင့်ပြသလိုက်ပြီး စပြပြီးတစ်ပတ်အတွင်း Netflix ၏လူကြိုက်အများဆုံးဇာတ်လမ်းတွဲ ၁၀ ခုတွင် နံပါတ် (၁) ဖြစ်လာခဲ့သည်။

ဇာတ်ကားနာမည်ကြီးလာသည်နှင့်အပြိုင် ဇာတ်ကားထဲမှသရုပ်ဆောင်များကိုလည်း လူသိလာခဲ့ပြီး ကိုရီးယားပရိသတ်အများစု သတိထားမိသူက ဇာတ်ပို့မင်းသမီး  Dho Yi Hyun ဖြစ်သည်။အကယ်၍ Season 2 ရိုက်ကူးဖြစ်ပါက သူမ၏ဇာတ်ဝင်ခန်းများများပါအောင် ပရိသတ်များက မျှော်လင့်နေကြသည်။

အထက်တန်းကျောင်းတစ်ကျောင်းသို့ Zoombie ဗိုင်းရပ်စ်ပျံ့နှံ့သွားသည့် ဇာတ်လမ်းဖြစ်ပြီး ယခု Season 2 တွင် လူအားလုံးနီးပါးသေသွားသည့်ပုံမျိုးဖြင့် အဆုံးသတ်ထားသည်။ ကြောက်မက်ဖွယ် Season 1များက မြို့ကိုစီးနင်းလိုက်သဖြင့် ကိုရီးယားစစ်တပ်က ဗုံးကြဲနှိမ်နင်းလိုက်ရာ မသေသူများလည်း ပျက်စီးသည့်အထဲ ပါသွားခဲ့ရသည်။

ဇာတ်လမ်းထဲတွင် Cho Yi Hyun က ဂျူနီယာအတန်းခေါင်းဆောင် Choi Nam Ra နေရာမှ သရုပ်ဆောင်ထားပြီး ဇာတ်ပို့နေရာဖြစ်သော်လည်း သူမကိုလူကြိုက်များခဲ့သည်။ အစပိုင်းတွင် သူမက အတန်းထဲတွင် ထိပ်ဆုံးဖြစ်ရန် ရည်ရွယ်ချက်တစ်ခုတည်းရှိပြီး အတန်းဖော်များကို ဂရုမစိုက်တတ်သည့် သွေးအေးသူဖြစ်ပြီး Zoombie ဗိုင်းရပ်စ်ပျံ့လာသည့်အခါ အတန်းဖော်များကို ဘေးလွတ်အောင်ကူညီသူဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ်တွင် မွေးဖွားပြီး ၂၀၁၇ ခုနှစ်တွင် Sweet Revenge ဒရာမာဖြင့် စတင်သရုပ်ဆောင်ခဲ့သူ သူမသည် Hospital Playlist၊  My Country:The New Age၊ School 2021 စသည့် ဒရာမာဇာတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

School 2021 ဇာတ်လမ်းတွဲဖြင့် သူမသည် KBS Drama Awards ဆုပေးပွဲတွင် မင်းသား Kim Yo-han နှင့်အတူ အလိုက်ဖက်ဆုံးစုံတွဲဆု ဆွတ်ခူးရရှိခဲ့သည်။ သူမသည် ၂၀၁၈ ခုနှစ်တွင် JYP Entertainment အေဂျင်စီနှင့်လက်တွဲခဲ့ပြီး ယခုမူ Artist Company အေဂျင်စီနှင့်လက်တွဲထားသည်။ ထိုအေဂျင်စီသည် Squid Game မင်းသား Lee Jung Jae အပါအဝင် နာမည် ကြီးတောင်ကိုရီးယားသရုပ်ဆောင်များနှင့် လုပ်ကိုင်နေသည့် အေဂျင်စီလည်းဖြစ်သည်။

All of Us are Dead ဇာတ်လမ်းတွဲ သည် ရုပ်ရှင်ဝေဖန်သူများ၏ မျိုးစုံသုံးသပ်မှုများ ခံခဲ့ရသော်လည်း ကမ္ဘာတစ်ဝန်း Netflix TV Shows ဇယားတွင် ထိပ်ဆုံးနေရာ ရောက်ခဲ့သည်။

Squid Game ဇာတ်လမ်းတွဲပြီးလျှင် ထိုအောင်မြင်မှုကိုရသည့် ဒုတိယမြောက် ကိုရီးယားဇာတ်လမ်းတွဲဖြစ်သည်။


READ NEXT
Cancel OK