
အသက်ငယ်ငယ်နှင့် အောင်မြင်နေသည့် အမေရိကန်တေးရေးတေးဆို ဘီလီအိုင်းလစ်ရ်ှအတွက် ပရိသတ်များ ဘေးကင်းရေးက ပဓာနဖြစ်ပြီး မကြာမီကအမေရိကန်နိုင်ငံ အတ္တလန်တာမြို့တွင်ပြုလုပ်သည့် ရှိုးပွဲတစ်ခုတွင် အသက်ရှူရခက်နေသည့် မိန်းကလေးပရိသတ်တစ်ဦးကြောင့် ဘီလီက သူ့ရှိုးပွဲကို ခေတ္တရပ်ပေးခဲ့သည်။
Happier Than Ever ကမ္ဘာလှည့်ဖျော်ဖြေမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်သည့် ဖေဖော်ဝါရီ ၅ ရက်က အဆိုပါပွဲတွင် အသက် ၂၀ အရွယ် ဘီလီက ဇာတ်စင်ရှေ့ပိုင်းအနီး ပရိသတ်တစ်ဦး အသက်ရှူကျပ်နေသည်ကို တွေ့သွားပြီး ရှိုးပွဲတင်ဆက်မှုကိုရပ်ကာ သူ့အဖွဲ့သားများအား ရှူဆေးဘူးရှိ မရှိ လှမ်းမေးခဲ့သည်။ ရှူဆေးရလာသည့်အခါ ဘီလီက ၎င်းပရိသတ်အား ၀ိုင်းအုံမနေကြရန်နှင့် လူအုပ်အား စိတ်အေးအေးထားရန် ပြောဆိုခဲ့သည်။
ရှိုးပွဲကို ပြန်လည်မစမီမှာလည်း ဘီလီက “အားလုံးအဆင်ပြေကြပါရဲ့လား” ဟု မေးမြန်းပြီးမှ ပွဲကိုပြန်စခဲ့သည်။ ဂရမ်မီဆု ခုနစ်ဆုပိုင်ရှင် ဘီလီအိုင်းလစ်ရှ်၏ အပြုအမူသည် ရက်ပ်အဆိုတော် ထရားဗစ်စကော့ (ကိုင်လီဂျန်နာ၏ချစ်သူ)အတွက် ထိုးနှက်ချက်တစ်ခုအဖြစ် ရှုမြင်နေကြသည်။
မနှစ်က နိုဝင်ဘာက ထရားဗစ်စကော့၏ရှိုးပွဲတွင် လူတိုးဝှေ့မှုဖြစ်ပြီး လူနင်းခံရသဖြင့် ၁၀ ဦး သေဆုံးခဲ့သည်။ အခင်းဖြစ်နေချိန်ပွဲကို မရပ်ရကောင်းလားဆိုကာ စကော့ကို ဝေဖန်ခဲ့ကြပြီး တရားလည်း စွဲခံထားရသည်။ စကော့ကမူ ဇာတ်စင်ပေါ်မှ မဆင်းမချင်း ထိုသို့ပရိသတ်များ အနာတရဖြစ်နေသည်ကို သူမသိခဲ့ဟု ထွက်ဆိုထားသည်။
ဧပြီတွင် ကျင်းပမည့် ၂၀၂၂ ဂရမ်မီဆုပေးပွဲတွင် ၁၈ နှစ်အရွယ် အမေရိကန်မိန်းကလေးအဆိုတော် အိုလီဗီယာရော့ဒရီဂိုနှင့်အပြိုင် ဘီလီအိုင်းလစ်ရှ်က ဆုခုနစ်ဆုအတွက် လျာထားခံရပြီး ၂၀၂၂ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲတွင်လည်း နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ဘီလီအိုင်းလစ်ရှ် သီဆိုထားသည့် No Time To Die သီချင်းက မူရင်းတေးသီချင်းဆု ဆွတ်ခူးထားသည်။
၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပထားပြီး ယခုနှစ်ပြန်လည်ကျင်းပတော့မည့် ကမ္ဘာ့အကြီးဆုံးဂီတပွဲတော်များထဲမှ တစ်ခုဖြစ်သည့် ကိုချယ်လာဂီတပွဲတော်တွင် ဘီလီအိုင်းလစ်ရှ်လည်း ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်