Top News

၂၀၂၂ အော်စကာဆုဆန်ခါတင်စာရင်းတွင် The Power of the Dog က ဆု ၁၂ ဆုဖြင့် ဦးဆောင်နေ
24htopnews | June 27, 2024 3:12 AM CST

နယူးဇီလန်ဒါရိုက်တာဂျိန်းကမ်ပီယံ၏ လက်ရာဖြစ်သည့် The Power of the Dog ဇာတ်ကားက ယခုနှစ်အော်စကာဆုဆန်ခါတင်စာရင်းတွင် ဆုအများဆုံးဖြင့်ဦးဆောင်နေပြီး အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုအပြင် ဆု ၁၂ ဆုအတွက် လျာထားခံရသည်။

ထို့နောက် Dune ဇာတ်ကားက ဆု ၁၀ ဆုလျာထားခံရကာ ဒုတိယနေရာမှလိုက်နေပြီး Belfast နှင့် West Side Story က ဆုခုနစ်ဆုစီ၊ King Richard က ဆုခြောက်ဆု၊ Don’t Loook Up၊ Nightmare Alley နှင့် Drive My Car တို့က ဆုလေးဆုစီ လျာထားခံရသည်။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်ကား Belfast ရိုက်ကူးသူ ကန်းနတ်ဘရန်နာက အကောင်းဆုံးဒါရိုက်တာဆုအတွက် မျှော်မှန်းခံထားရပြီး  The Power of the Dog ရိုက်ကူးသူ ဂျိမ်းကမ်ပီယံကမူ အကောင်းဆုံးဒါရိုက်တာ ဆုနှစ်ကြိမ်အဆိုပြုခံရသည့် ပထမဆုံးအမျိုးသမီးဒါရိုက်တာ ဖြစ်လာခဲ့သည်။ ပထမအကြိမ်အဆိုပြုခံရမှုက ၁၉၉၃ ခုနှစ်က The Piano ဇာတ်ကားအတွက်ဖြစ်သည်။

ပရိသတ်အကြိုက်တွေ့ပြီး ဝင်ငွေလှခဲ့သည့် James Bond နှင့် Spider-Man ဇာတ်ကားပရိသတ်များအတွက်မူ ယခုနှစ်ဆန်ခါတင်စာရင်းသည် စိတ်ပျက်စရာကောင်းစေခဲ့သည်။ အကောင်းဆုံးဇာတ်ဆောင်မင်းသား ဆုအတွက် ဝယ်လ်စမစ်(King Richard)၊ ဘန်နဒစ်ကမ်ဘာဘတ်ချ်(The Power of the Dog)၊ ဒန်ဇယ်ဝါရှင်တန်(The Tragedy of Macbeth)၊ အန်ဒရူးဂါဖီ(tick,tick….Boom:)နှင့် ဟာဗီယာဘာဒမ် (Being the Ricardos) တို့ လျာထားခံရသည်။

အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုအတွက် အံ့ဖွယ်ပယ်ချန်ခံခဲ့ရသူက လေဒီဂါဂါဖြစ်ပြီး သူပါဝင်သည့် House of Gucci က အကောင်းဆုံး ဆံပင်မိတ်ကပ်ဆုတစ်ဆုသာ လျာထားခံရသည်။ သို့သော်ထိုဆုကို နစ်ကိုးကစ်မန်းနှင့် ခရစ္စတင်စတီးဝါ့တ်တို့ အဆိုပြုခံထားရသည်။၂၀၁၈ အော်စကာပွဲအပြီး နောက်ပွဲများကို အစီအစဉ်မှူးမပါဘဲ ကျင်းပခဲ့ပြီး ယခုနှစ်မတ် ၂၇  ရက်ပွဲတွင်မူ အစီအစဉ်မှူး ပြန်လည်ပါဝင်လာမည်ဖြစ်သည်။


READ NEXT
Cancel OK