
လန်ဒန်တွင် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပလိုက်သည့် BRIT ဂီတထူးချွန်ဆုပေးပွဲတွင် ဗြိတိန်စူပါစတားအဒဲလ်က တစ်နှစ်တာအကောင်းဆုံးတေးအယ်လ်ဘမ်ဆု၊ တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆု၊ အကောင်းဆုံးတေးသီချင်းဆုတို့ ဆွတ်ခူးသွားခဲ့သည်။ အဒဲလ်သည် BRIT ဆုကိုးဆု ရထားပြီးဖြစ်သည်။
အစီအစဉ်မှူးက BRIT ဘုရင်မဟု ပင်နာမည်ပေးခံထားရသည့် အဒဲလ်က 30 အမည်ဖြင့် နောက်ဆုံးထွက်အယ်လ်ဘမ်ထဲမှ Easy On Me သီချင်းဖြင့် အကောင်းဆုံးတေးသီချင်းဆုရသွားခြင်းဖြစ်ကာ ထိုအယ်လ်ဘမ်သည်လည်း တစ်နှစ်တာအကောင်းဆုံးတေးအယ်လ်ဘမ်ဆုရခဲ့သည်။
ယခုနှစ်တွင်ပထမဆုံးအကြိမ်အမျိုးသား၊ အမျိုးသမီးမခွဲဘဲပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆုကိုလည်း အဒဲလ်ကပင်သိမ်းပိုက်သွားခဲ့သည်။ ဆန်ခါတင်စာရင်းတွင်မူ သူကဆုလေးဆုပါထားပြီး ဇာတိမြို့လန်ဒန်တွင်ပြုလုပ်သည့် အဆိုပါပွဲတွင် သူကိုယ်တိုင်လည်း ပါဝင်ဖျော်ဖြေခဲ့သည်။
30 အခွေသည် နိုဝင်ဘာ ၁၉ ရက်ကမှ ထွက်လာသော်လည်း ၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်နှင့် အမေရိကန်တွင် ရောင်းအားအကောင်းဆုံးအခွေ ဖြစ်လာခဲ့သည်။
အဒဲလ်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးလိုက်ဖ်ရှိုးတင်ဆက်မှုအဖြစ် ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၁၆ ရက်အထိ စနေ၊ တနင်္ဂနွေအပတ်တိုင်း Weedends with Adele အမည်ဖြင့် ရှိုးပွဲများပြုလုပ်ရန် စီစဉ်ထားသော်လည်း လတ်စ်ဗေးဂတ်စ်ရှိ ဆီးဇာစ်ပဲလေ့ဟိုတယ်တွင်ပြုလုပ်မည့် ၎င်းရှိုးပွဲများကို ရွှေ့ဆိုင်းလိုက်ရသည်။ သူနှင့်တွဲဖက်အလုပ်လုပ်မည့်သူများထဲမှ ထက်ဝက်က ကိုဗစ်ကူးစက်ထားသောကြောင့် ဖြစ်သည်။
အဒဲလ်သည် ဂီတလောကနှင့်ခြောက် နှစ်ကြာဝေးကွာနေခဲ့ပြီး 30 မတိုင်ခင် နောက်ဆုံးထွက်ခဲ့သည့် 25 တေးအယ်လ်ဘမ်သည် ၂၀၁၅ ခုနှစ်က ဗြိတိန်တွင်ဗီဒီယိုဂိမ်းနှင့် ဝက်ဝက်ကွဲအောင်မြင်ပါသည်ဆိုသည့် ရုပ်ရှင်ဇာတ်ကားများအပါအဝင် အခြားသောဖျော်ဖြေရေးအရာများအားလုံးထက် ရောင်းအားပိုကောင်းခဲ့သည်။
ဆက်လက်ပြီး BRIT ဆုပေးပွဲတွင် ရော့ခ်ဂီတအဖွဲ့ Wolf Alice ကအကောင်းဆုံးဂီတအဖွဲ့ဆု ရသွားပြီး ရက်ပ်အဆိုတော် Llittle Simz ကအကောင်းဆုံးမျက်နှာသစ် အဆိုတော်ဆုရခဲ့သည်။
အက်ရှီရန်က အကောင်းဆုံး တေးရေးဆု၊ အမေရိကန်လူငယ်မိန်းကလေး အဆိုတော်များဖြစ်သည့် ဘီလီအိုင်းလစ်ရှ်က အကောင်းဆုံး နိုင်ငံတကာအဆိုတော်ဆု၊ အိုလီဗီယာရော့ဒရီဂိုက good 4 Uသီချင်း ဖြင့်အကောင်းဆုံး နိုင်ငံတကာသီချင်းဆု ဆွတ်ခူးခဲ့သည်။
ဆက်လက်ပြီးဘရူနိုမားစ်ပါဝင်သည့် အမေရိကန် R&B အဖွဲ့ Slik Sonic က အကောင်းဆုံး နိုင်ငံတကာဂီတအဖွဲ့ဆု၊ ဗြိတိန်အဆိုတော်ဒူအာလီပါက အကောင်းဆုံးပေါ့ပ်၊ R&B ဆုတို့ ရသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်