Top News

လီဗြောင်ဟွန်းတို့ ဇနီးမောင်နှံ ကိုဗစ်ကူးစက်ခံရ
24htopnews | June 27, 2024 3:12 AM CST

လီဗြောင်ဟွန်းအပြင် သူ့ဇနီးရုပ်ရှင် မင်းသမီး လီမင်ဂျောင်လည်း ကိုဗစ်ကူးစက် ခံထားရပြီ ဖြစ်သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် လီဗြောင်ဟွန်း၏ အေဂျင်စီ BH Entertainment က လတ်တလော ဆေးစစ်ချက်အရ လီဗြောင်ဟွန်းမှာ ကိုဗစ်ကူးစက်ထားပြီး ကွာရန်တင်းဝင်နေကြောင်း အတည်ပြု ကြေညာလိုက်ပြီး ၊ ဇနီးဖြစ်သူ လီမင်ဂျောင်လည်း ကူးစက်ထားကာ ကွာရန်တင်း ဝင်လျက်ရှိကြောင်း သတင်းများ ထပ်ထွက်လာသည်။

လီဗြောင်ဟွန်းသည်  Our Blues ဇာတ်လမ်းတွဲရိုက်ကူးနေပြီး ယခုဗိုင်းရပ်စ် ကူးစက်ခံလိုက်ရမှုကြောင့် ရိုက်ကူးမှုများကို ယာယီရပ်နားလိုက်ပြီဖြစ်သည်။၎င်းဇာတ်လမ်းတွဲသစ်ကို tvN ရုပ်သံလိုင်းမှထုတ်လွှင့် ပြသရန် စီစဉ်ထားသည်။

တောင်ကိုရီးယားတွင် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ အလျှင်အမြန်ပျံ့နေချိန် ဖေဖော်ဝါရီ ၈ ရက်က ဗိုင်းရပ်စ်ကူးစက်သူဦးရေ ငါး သောင်းနီးပါး စစ်ဆေးတွေ့ထားသည်ဟု ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK