
နာမည်ကျော် တောင်ကိုရီးယားအနုပ ညာရှင်များဖြစ်သည့် ဟွမ်ဘင်းနှင့် ဆွန်ရီဂျင် တို့ ထိမ်းမြားလက်ထပ်ခဲ့ကြောင်း သိရသည်။ ယင်းအနုပညာရှင်များသည် လူကြိုက်များခဲ့ သည့် Crush Landing On You ဇာတ်လမ်း တွဲတွင် ၎င်းင်းတို့၏ ဇာတ်ကောင်ကဏ္ဍများဖြင့် ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပြီး ၎င်းင်းတို့နှစ်ဦး လက်ထပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော် လက်ထပ်ထိမ်းမြားမယ့်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးကျွန်တော့်ဘဝရဲ့ ဒုတိယအဆင့်ကို သတိရှိရှိနဲ့ လျှောက်လှမ်းသွားမှာပါ။ကျွန်တော့်ကိုအမြဲ ပြုံးရယ်စေတဲ့ အမျိုးသမီးနဲ့ ကတိသစ္စာပြုခဲ့ပါ တယ်”ဟု အသက် ၃၉ နှစ်အရွယ် ဟွမ်ဘင်း၏ ရေးသားချက်ကို ၎င်းင်းအေဂျင်စီဖြစ်သည့် ST Entertainment ၏ Instagramတွင် ဖော်ပြခဲ့သည်။
“ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဂျွန်ဟော့နဲ့ ဆယ်ရီ တို့ဟာ အနာဂတ်မှာ အတူတကွရှိနေဖို့ ပထမဆုံးခြေလှမ်းကိုလှမ်း လျှောက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း၎င်းင်းတို့ နှစ်ဦးပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်လမ်းတွဲမှ ဇာတ်ကောင်များ၏အမည်များကို ရည်ညွှန်း၍ ထပ်မံပြောကြားခဲ့သည်။
ယင်းဇာတ်လမ်းတွဲတွင် ဟွမ်ဘင်းသည် မြောက်ကိုရီးယားစစ်တပ်က ဗိုလ်ကြီးနေရာမှ သရုပ်ဆောင်ထားပြီး ဆွန်ရီဂျင်ကမူ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏အမွေဆက်ခံသူနေရာမှ သရုပ်ဆောင်ထား သည်။
အသက်၄၀ အရွယ်ဆွန်ကလည်း “ကျွန်မအနေနဲ့ ကျန်ရှိနေတဲ့ဘဝသက်တမ်းတစ်လျှောက် လက်တွဲဖော်ကို တွေ့ရှိခဲ့ပါတယ်။ဟုတ်ပါတယ်။ သူပါပဲ”ဟု ၎င်းင်း၏အင်စတာဂရမ်တွင်ရေးသားခဲ့သည်။
ဟွမ်ဘင်းသည် ၎င်းင်းအား နွေးထွေးစေပြီး လုံခြုံမှု ပေးနိုင်သည်ဟု ခံစားရကြောင်းလည်း ဆွန်က ထပ်မံပြောကြားခဲ့သည်။
ဟွမ်ဘင်းနှင့်ဆွန်တို့သည်၂၀၂၁ ခုနှစ် ဇန်နဝါရီလက ၎င်းတို့တွဲနေသည့်အကြောင်း ကိုပထမဆုံးအကြိမ်ထုတ်ဖော်ပြောကြားခဲ့သော်လည်း ယင်းစုံတွဲသည် ထိုကဲ့သို့ အတည်မပြုမီ လွန်ခဲ့သည့် ရှစ်လခန့်ကတည်းက တွဲနေကြခြင်း ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ အနုပညာရှင်အများအပြားက ၎င်းတို့ လက်ထပ်သည့်သတင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းမှတ်ချက်များရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်