
မကြာသေးမီက ရွှေ့ဆိုင်းခဲ့ရသည့် လက်ဗေးဂတ်စ်ဖျော်ဖြေပွဲများကို ယခုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း လုပ်ဖြစ်လိမ့်မည်ဟု ဗြိတိန် အဆိုတော် အဒဲလ်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက အဒဲလ်သည် ၎င်းင်း၏ ပထမဆုံးဖျော်ဖြေပွဲမတိုင်မီ တစ်ရက်အလိုတွင် ဗီဒီယိုထဲ၌ ငိုကြွေးလျက် ယင်းဖျော်ဖြေပွဲကိုပြုလုပ်ရန် အဆင်သင့်မဖြစ်ကြောင်း အသိပေးခဲ့သည်။
အဒဲလ်က လက်ရှိအချိန်တွင်သူနှင့် သူ့အဖွဲ့သည် ယင်းဖျော်ဖြေပွဲများပြုလုပ်နိုင်ရန် အလွန်ကြိုးကြိုးစားစား ပြင်ဆင်လုပ်ကိုင် နေပြီး ဖျော်ဖြေပွဲကျင်းပမည့် ရက်အသစ် ကို ထပ်မံအတည်ပြုထုတ်ပြန်သွားမည်ဟု ရုပ်သံ အစီအစဉ်တင်ဆက်သူ ဂရေဟမ်နော်တန်ကို ပြောကြားခဲ့သည်။
“နောက်နှစ်အတွက် ကျွန်မဆီမှာ အစီအစဉ်ရှိပြီးသားဖြစ်ပြီး ဒီဖျော်ဖြေပွဲတွေက ဒီနှစ်ထဲမှာ လုပ်ဖြစ်မှာပါ။ကျွန်မ ကလေးရသွား လို့ ကျွန်မဖျော်ဖြေပွဲကို ဖျက်လိုက်ရရင်ဆိုပြီး တွေးကြည့်လိုက်ပါ”ဟု အဒဲလ်က ပြောကြား ခဲ့သည်။
ခင်ပွန်းဟောင်း ဆိုင်မွန်ကိုနက်ကီနှင့် ကိုးနှစ်အရွယ် အန်ဂျလိုအမည်ရှိ သားတစ်ဦး ရှိသည့် အဒဲလ်က နောက်ထပ်ကလေးအများအပြား လိုချင်ကြောင်းလည်း ပြောကြားခဲ့သည်။
သို့သော် အဒဲလ်ကမူ ယခုသီတင်းပတ် အစောပိုင်းက Brit Awards ပွဲတွင် ၎င်းဝတ်ဆင်ခဲ့သော စိန်လက်စွပ်ကြောင့် သူနှင့်ချစ်သူ ရစ်ချ်ပေါလ်တို့ စေ့စပ်ပြီးခြင်း ရှိ၊မရှိ ပြောကြားရန် ငြင်းဆိုခဲ့သည်။
“ကျွန်မလုပ်ဖြစ်ခဲ့ရင်တောင် ကျွန်မလုပ် ဖြစ်၊မဖြစ်ဆိုတာ တခြားသူကို ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ”ဟု အဒဲလ်က ဆိုသည်။
အဒဲလ်သည် ယင်းဆုပေးပွဲတွင် အကောင်းဆုံး တေးသီချင်းဆု၊ အကောင်းဆုံး တေးအဲလ်ဘမ်ဆုနှင့် အကောင်းဆုံးအဆို တော်ဆုတို့ကိုရရှိခဲ့ပြီး ၎င်းင်း၏တစ်ကိုယ်တော် I Drink Wine အမည်ရှိ တေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည်။
“ကျွန်မအရမ်းဝမ်းသာပြီး အရမ်းကျေ နပ်ပါတယ်”ဟု အဒဲလ်က ဆုရရှိသည့်အတွက် ပြောကြားခဲ့သည်။
“ကျွန်မမိန့်ခွန်းထဲမှာ အခြားသူတွေအပြင် အခုအရွယ်ရောက်လာပြီဖြစ်တဲ့ ကျွန်မ သားကို ကျေးဇူးတင်ပါတယ်”၎င်းက ပြော ကြားခဲ့သည်။
]]ကျွန်မကိစ္စအများအပြားကို သူနဲ့ မမျှ ဝေဖြစ်ပေမဲ့ အန်ဂျလိုနဲ့ ဆိုင်မွန်တို့က ကျွန်မ ရဲ့ ချစ်ရသူတွေပါ။ ကျွန်မမိသားစုက ဝေးကွာ နေပေမဲ့ ကျွန်မတို့တွေ အမြဲတမ်းစည်းလုံးပြီး ကောင်းမွန်တဲ့အရာတွေကို အမှန်တကယ် လုပ်နေပါတယ်}}ဟုအဒဲလ်က ပြောကြားခဲ့ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်