လော့စ်အိန်ဂျလိစ်တွင် ဂျက်စတင်ဘီဘာ ဖျော်ဖြေသည့် ပါတီပွဲတစ်ခု အပြင်ဘက်တွင် အချင်းများမှုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေနတ်ထိမှန်ခဲ့သည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် ဂရမ်မီဆုရှင်ဘီဘာသည် ဖေဖော် ၁၃ ရက်တွင် ပြုလုပ်သည့် Super Bowl (အမေရိကန်ဘောလုံးပြိုင်ပွဲ)တွင် မဖျော်ဖြေမီ ပါတီပွဲတစ်ခုတွင် ပါဝင်ဖျော်ဖြေခဲ့ပြီး ပွဲပြုလုပ်ရာနေရာအပြင် ဘက်တွင် စကားများရန်ပွဲတစ်ခုဖြစ်ရင်း ပစ်ခတ်မှုများလည်း ဖြစ်ခဲ့သည်။
လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့အတည်ပြုချက်အရ ၎င်းနေရာတွင် သေနတ်ပစ်ခတ်မှုအကြိမ်ရေများစွာဖြစ်ခဲ့ပြီး ၁၉ နှစ်၊ ၂၄ နှစ်နှင့် ၆၀ အရွယ် အမျိုးသားသုံးဦး သေနတ်ထိမှန်ခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အခင်းဖြစ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူသုံးဦးအနက်နှစ်ဦးကို လော့စ်အိန်ဂျလိစ်မီးသတ်ဌာနက ဆေးရုံပို့ပေးခဲ့သည်။ သုံးဦးစလုံးလည်း အခြေအနေတည်ငြိမ်နေသည်ဟု သတင်းများက ဖော်ပြသည်။
ဘီဘာသည် Super Bowl ပွဲအကြို Homecoming Weeekend ပါတီအပြီး Aferparty ပွဲတွင် သွားရောက်ဖျော်ဖြေနေချိန်ဖြစ်ပြီး အခင်းဖြစ်ပွားချိန် ပါတီပွဲအတွင်း အနုပညာရှင်အရေအတွက် မည်မျှရှိနေသည်ကို သေချာမသိရပေ။ အခင်းဖြစ်စဉ်ဗီဒီယိုမှာလည်း အွန်လိုင်းပေါ်ရောက်လာခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက်မူ ဂျက်စတင်နှင့်ဇနီး ဟေလီဘီဘာတို့စုံတွဲကို လူအကာအရံများဖြင့် အပြင်သို့ ခေါ်ထုတ်ခဲ့ရကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား