Super Bowl (အမေရိကန်ဘောလုံးပြိုင်ပွဲ) ကျင်းပလာသည့် သမိုင်းတစ်လျှောက် ပြုလုပ်ခဲ့သည့် ပွဲချိန်ဝက်ဖျော်ဖြေမှုများအနက် အကုန်အကျအများဆုံး နှစ်များထဲ ယခုနှစ်လည်းပါဝင်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆိုဖီအားကစားရုံတွင် ဖေဖော်ဝါရီ ၁၃ ရက်က Super Bowl ပွဲချိန်ဝက် ဖျော်ဖြေပွဲကို ဒေါက်တာဒရေးနှင့် စနု(ပ်)ဒေါ့တို့က ဖွင့်လှစ်ပေးခဲ့သည်။
Super Bowl ပွဲချိန်ဝက်ဖျော်ဖြေပွဲသည် ကမ္ဘာ့အကြီးဆုံး ဂီတရှိုးပွဲများထဲက တစ်ပွဲဖြစ်ပြီး တင်ဆက်မှုကုန်ကျစရိတ်များကို NFL က ကျခံသည့်အပြင် အဆိုတော်အချို့ကိုယ်တိုင်ကလည်း အိတ်စိုက်ထုတ်လေ့ရှိသည်။ ကြီးမားရှုပ်ထွေးသည့်ပြင်ဆင်မှုများနှင့် နည်းပညာအစိတ်အပိုင်းများကြောင့် ကုန်ကျစရိတ်မြင့်လှပြီး ပရိသတ်ဖမ်းယူကြည့်ရှုမှု အများဆုံးအစီအစဉ်လည်းဖြစ်သည်။
ယခုနှစ်ပွဲတွင် အဓိကတင်ဆက်ပေးခဲ့သူများက ရက်ပ်နှင့် ဟစ်ပ်ဟော့အဆိုတော်များဖြစ်ကြပြီး ဒေါက်တာဒရေး၊ မယ်ရီဂျေ ဘလိုက်ချ်၊ အမ်မီနမ်၊ စနု(ပ်)ဒေါ့၊ ကန်းဒရစ်ခ်လာမာနှင့် ဖစ်ဖတီးဆန့်တို့က အမိုက်စားဖျော်ဖြေပေးခဲ့ကြသည်။
ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃ သန်း၊ ဒေါက်တာဒရေးက ခုနစ်သန်း ထည့်သည့်အတွက် စုစုပေါင်းသန်း ၂၀ ကုန်ကျခဲ့ပြီး အစီအစဉ်ဖမ်းယူကြည့်ရှုသူ ၁၁၇ သန်းအထိရှိခဲ့သည်။
၂၀၂၁ ပွဲတွင် အဓိကတင်ဆက်သူက ကနေဒါအဆိုတော် The Weeknd ဖြစ်ပြီး ကပ်ရောဂါကြောင့် Super Bowl ၅၅ နှစ်တာသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် The Weeknd က ကွင်းလယ်မှမဟုတ်ဘဲ ပွဲကြည့်စင်ပေါ်မှသာ ဖျော်ဖြေခဲ့ရသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၇ သန်းဖြစ်ပြီး ဖမ်းယူကြည့်ရှုမှု ၉၁.၆၃ သန်းရှိခဲ့သည်။
၂၀၂၀ ပွဲတွင်မှု အမေရိကန်ဒေါ်လာ ၁၃ သန်း အကုန်အကျခံပြင်ဆင်ခဲ့ပြီး ကြည့်ရှုသူ ၁၀၁.၃၂ သန်းရှိခဲ့ကာ အဓိကဖျော်ဖြေပေးခဲ့သည့် အဆိုတော်နှစ်ဦးက ဂျနီဖာလိုပက်ဇ်နှင့် ရှကီရာတို့ဖြစ်သည်။
၂၀၁၇ ပွဲ၏အဓိကအဆိုတော်က လေဒီဂါဂါဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း ကုန်ကျခဲ့ကာ ပရိသတ် ၁၁၁.၃၂ သန်း ဖမ်းယူကြည့်ရှုခဲ့သည်။ ဂါဂါဆိုသည့်အတိုင်း အမိုးပေါ်မှကြိုးဖြင့် ဆင်းလာမှုက ပရိသတ်များကို အမြင်ဆန်းစေခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သည့် Purple သီဆိုသူ အမေရိကန်တေးရေးတေးဆို ပရင့်စ်တင်ဆက်ခဲ့သည့် ၂၀၀၇ ပွဲကို အမေရိကန်ဒေါ်လာ ၁၂ သန်း အကုန်အကျခံ ပြင်ဆင်ခဲ့ပြီး ၉၃.၁၈ သန်း ဖမ်းယူကြည့်ရှုခဲ့သည်။ ပရင့်စ်သည် သူ့ခေတ်သူ့အခါက အတော်ဆုံး ဂီတသမားများထဲမှတစ်ဦးဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား