
တောင်ကိုရီးယားနာမည်ကျော် K-Pop အဖွဲ့ Blackpink အဖွဲ့ဝင်လီဆာက ၎င်း၏ တစ်ကိုယ်တော်သီချင်းသစ်ဖြစ်သည့် Rockstar သည် ဇွန် ၂၇ ရက်တွင် ထွက်ရှိလာမည်ဟု အတည်ပြုခဲ့သည်။
လီဆာ၏ စီမံခန့်ခွဲရေးကုမ္ပဏီ Lloud Co က ၎င်း၏လူမှုမီဒီယာအကောင့်တွင်သီ ချင်းသစ်ထွက်ရှိမည့်အကြောင်းကို အတည်ပြုခဲ့ပြီး သီချင်းအမည်ကို အဖြူအမည်းအသုံးပြုထားသည့် ဗီဒီယိုဖိုင်ဖြင့် ဖော်ပြထားသည်။
လီဆာက ယင်းဗီဒီယိုဖိုင်ဖြင့် သီချင်းသစ်ထွက်မည့်အကြောင်း ၎င်း၏ Instagram တွင် မျှဝေထားသည်။
အသစ်ထွက်ရှိမည့် တစ်ကိုယ်တော်သီချင်းသည် ၎င်း၏စီမံခန့်ခွဲမှုကုမ္ပဏီ Lloud Co ဖွင့်လှစ်သည့် ဖေဖော်ဝါရီ နောက်ပိုင်းနှစ်လအကြာတွင် ပထမဆုံးအနေဖြင့်ထွက်ရှိလာခြင်းဖြစ်ကာ နှစ်လအကြာတွင် ၎င်း၏တေးသီချင်းအတွက် ပိုင်ဆိုင်ခွင့်တောင်းဆိုရန် RCA Record နှင့် လက်မှတ်ရေးထိုးခဲ့သည်။
အတည်ပြုချက်မရရှိမီ လီဆာသည် Tik Tok တွင် ၎င်း၏တစ်ကိုယ်တော်သီချင်းသစ်၏ အရိပ်အမြွက်ကို ချပြခဲ့ပြီး ယင်းသီချင်းထဲတွင်ပါဝင်သည့်စာသားများမှတစ်ခုဖြစ်သော “Baby,I’m a rockstar”ကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။
Rockstar သီချင်းနှင့်ပတ်သက်၍ထုတ်ပြန်ထားသည့် ဓာတ်ပုံ၌ လီဆာကိုကြီးမားသော နားကွင်းများ ဝတ်ဆင်ထားပြီးမျက်မှန်တပ်ထားသည်ကို မြင်တွေ့ရသည်။
လီဆာသည်၂၀၁၆ ခုနှစ်သြဂုတ်လတွင် Blackpink အဖွဲ့၏ အဓိကအကသမားတစ်ဦးနှင့် အဓိက ရက်ပ်အဆိုတော်တစ်ဦးအဖြစ် ပွဲဦးထွက်လာခဲ့သည်။
လီဆာသည် တစ်ကိုယ်တော်အယ်လ်ဘမ် Lalisa နှင့်အတူ ၂၀၂၁ ခုနှစ်စက်တင်ဘာလတွင် တစ်ကိုယ်တော်ပွဲဦးထွက်လာခဲ့သည်ဟု Asia News Network တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်