ဟောလိဝုဒ်၏ နှစ်ပတ်လည် ဆုပေးပွဲ ရာသီအစအဖြစ် သတ်မှတ်ခံရသည့် ဟောလိဝုဒ်ရုပ်ရှင်ဆု Hollywood Film Awardds ဆုပေးပွဲကို နိုဝင်ဘာ ၆ ရက်က ကျင်းပခဲ့ရာ တွမ်ဟန့်နှင့် နာတာလီပို့မန်းတို့က ထိပ်တန်း သရုပ်ဆောင်ဂုဏ်ပြုဆုများ ရရှိသွားခဲ့ကြသည်။
၂၀၀၉ ခုနှစ်က ဟက်ဆန်မြစ်အတွင်း အရေးပေါ်ဆင်းသက်ခဲ့ရသော လေယာဉ်မှူး ရှယ်ဆေဆူလင်ဘာဂါ၏ အကြောင်းကို ဒါရိုက်တာ ကလင့်အိစ်ဝုဒ်က ရိုက်ကူးထားသော ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင် Sully အတွက် တွမ်ဟန့်က သရုပ်ဆောင်ထူးချွန်ဆုကို ရရှိခဲ့သည်။ သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရပြီးနောက် သမ္မတကတော် ဂျက်ကလင်းကနေဒီ၏ အကြောင်းကို ပုံဖော်ရိုက်ကူးထားသော Jackie ရုပ်ရှင်တွင် သရုပ်ဆောင်ခဲ့သော ပို့မန်းက အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သည်။
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို Florence Foster Jenkins အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် သရုပ်ဆောင် ဟျူးဂရန့်က ရရှိခဲ့သည်။ နစ်ကိုးကစ်မင်းက Lion ရုပ်ရှင်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။
Hollywood Film Awards ကို စတင်ချီးမြှင့်ခဲ့သည့် နှစ် ၂၀ ပြည့်ဖြစ်သော ယခုအခမ်းအနားတွင် အကောင်းဆုံးဒါရိုက်တာဆုကို မဲဂစ်ဆင်က ရရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အခြေပြုရုပ်ရှင် Hacksaw Ridge ကို ရိုက်ကူးခဲ့သည့် မဲဂစ်ဆင်သည် သူ၏ နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ဖြစ်သည့် Apocalypto နောက်ပိုင်း ၁၀ နှစ်အကြာ တွင် Hacksaw Ridge ဖြင့် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်သရုပ်ဆောင် ဂျိန်းစ်ကော်ဒင်က ပင်တိုင်တင်ဆက်သော ဟောလိဝုဒ်ရုပ်ရှင် ဆုပေးပွဲအခမ်းအနားသည် ဆုရရှိသူများအား မည်သူတို့က မဲပေးရွေးချယ်သည်ကို မသိရသောကြောင့် ယခင်က ဝေဖန်ခံခဲ့ရသည်။
ဆုရွေးချယ်မှုကို ဟောလိဝုဒ်အတွင်းသိ အကြံပေး အဖွဲ့က ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ၎င်းင်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုကြောင့် ပဟေဠိဆန်သော ဆုပေးပွဲဖြစ်ကြောင်း Variety က ဝေဖန်ခဲ့သည်။
ယခုနှစ်ဆုများအတွက် ရွေးချယ်မှုကိုလည်း ဝေဖန်သူများက သံသယရှိခဲ့ကြသည်။ ယခုနှစ်တွင်လည်း ရော်ဘတ်ဒီနေရိုးကို မထွက်ရှိသေးသည့် ရုပ်ရှင်အတွက် ဆုချီးမြှင့်ခဲ့ခြင်းတို့က ဝေဖန်စရာဖြစ်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား