Top News

ဂျပန်သရုပ်ဆောင် တိုရှီရိုမီဖူနဲ Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
24htopnews | June 25, 2024 4:12 PM CST

Rashomon နှင့် Seven Samurai ဇာတ်ကားတို့ဖြင့် ကျော်ကြားခဲ့သည့် ဂျပန်သရုပ်ဆောင် တိုရှီရိုမီဖူနဲသည် ကွယ်လွန်ခဲ့ပြီး နှစ် ၂၀ ကျော်အကြာတွင် ဟောလိဝုဒ် Walk of Fame ၌ ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။
 
ကမ္ဘာ့အကောင်းဆုံး ဆာမူရိုင်း သရုပ်ဆောင်ဖြစ်သည့် မီဖူနဲသည်  ၁၉၇၇ ခုနှစ်တွင် တိုကျို၌ ကွယ်လွန်ခဲ့သည်။  အသက် ၇၇ နှစ်အရွယ်ရှိ မီဖူနဲကွယ်လွန်သည့်သတင်းသည် ဂျပန်ရုပ်ရှင်လုပ်ငန်းကို တုန်လှုပ်စေခဲ့သည်။ 
 
မီဖူနဲသည် ဒါရိုက်တာ အာကီရာကူရိုဆာဝါနှင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်း  ဒါရိုက်တာ အာခီရာကူရိုဆာဝါ ရိုက်ကူးခဲ့သည့်   Rashomon၊  Seven Samurai၊ The Hidden Fortress နှင့် Throne of Blood အပါအဝင် ဇာတ်ကား ၁၆ ကားတွင် အဓိက ဇာတ်ကောင်အဖြစ် ကျော်ကြားခဲ့သည်။ ၎င်း၏ Seven Samurai ဇာတ်ကားကို ဟောလိဝုဒ်က The Magnificent Seven အမည်ဖြင့် မှီငြမ်း ရိုက်ကူးခဲ့သည်။
 
မီဖူနဲသည် ဗြိတိန်ဒါရိုက်တာ Terence Young ၏ Red Sun ဇာတ်ကားနှင့် အမေရိကန်ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ် ရိုက်ကူးသည့်  1941 ဇာတ်ကားအပါအဝင် ဇာတ်ကား ၁၇၀ တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၎င်းသည် လူကြိုက်များသည့် အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ Shogun  တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။  ၁၉၉၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Fukai Kawa (Deep River) သည် ၎င်း၏ နောက်ဆုံးဇာတ်ကား ဖြစ်သည်။ မီဖူနဲ၏ ဘဝအကြောင်း ရိုက်ကူးထားသည့် Mifune: The Last Samurai မှတ်တမ်းရုပ်ရှင်ကို ဒီဇင်ဘာ ၂ ရက်တွင် အမေရိကန်၌ ဖြန့်ချိရန် စီစဉ်ထားသည်။


READ NEXT
Cancel OK