
ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ EXO ၏ ပဥ္စမမြောက်အယ်လ်ဘမ်ကို နိုဝင်ဘာ ၂ ရက်တွင် ဖြန့်ချိမည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ SM Entertainment က အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
EXO အဖွဲ့သည် The War အယ်လ်ဘမ်ဖြန့်ချိခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် Don't Mess Up My Tempo အယ်လ်ဘမ်ကို ဖြန့်ချိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယင်းအယ်လ်ဘမ်တွင် တရုတ်နိုင်ငံသားအဖွဲ့ဝင် ‘လေး’ အပါအဝင် EXO အဖွဲ့ဝင် ကိုးဦးစလုံး ပါဝင်သီဆိုထားသည်ဟု SM Entertainment က ထုတ်ပြန်ခဲ့သည်။ လေးသည် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် EXO အဖွဲ့၏ အယ်လ်ဘမ်တွင် ပြန်လည်ပါဝင်ခဲ့ခြင်းဖြစ်သည်။
ယင်းအယ်လ်ဘမ်ကို အောက်တိုဘာ ၄ ရက်မှစပြီး ကြိုတင်ရောင်းချမည်ဖြစ်သည်။ အယ်လ်ဘမ်သစ်အတွက် သီချင်းဗီဒီယိုများလည်း ရိုက်ကူးပြီးပြီဟု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
‘လေး’ သည် အောက်တိုဘာနှောင်းပိုင်းတွင် အမေရိကန်၌ ပွဲဦးထွက်တစ်ကိုယ်တော် အယ်လ်ဘမ်ဖြန့်ချိရန် စီစဉ်ထားသည်ဟု SM က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား-တရုတ်အမျိုးသား အဆိုတော်ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် EXO အဖွဲ့၏ ယခင်ဖြန့်ချိခဲ့သည့် အယ်လ်ဘမ်လေးခုသည် ပြည်တွင်းနှင့် ပြည်ပတွင် အောင်မြင်မှုရရှိခဲ့ပြီး ချပ်ရေတစ်သန်းကျော်စီ ရောင်းချနိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်က ဖြန့်ချိခဲ့သည့် Ex'Act အယ်လ်ဘမ်နှင့် ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့သည့် The War အယ်လ်ဘမ်တို့သည် Billboard အယ်လ်ဘမ် ၂၀၀ စာရင်းတွင် ဖော်ပြခံခဲ့ရသည်။
၂၀၁၂ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့သည့် EXO အဖွဲ့သည် Forbes မဂ္ဂဇင်း၏ ၂၀၁၄-၂၀၁၈ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံးကိုရီးယား အနုပညာရှင်စာရင်း၏ ထိပ်တန်းငါးဦး၌ ဖော်ပြခံခဲ့ရသည်။
ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ပြုံချန်ဆောင်းရာသီအိုလံပစ်ပွဲ၏ ပိတ်ပွဲအခမ်းအနားတွင် EXO အဖွဲ့၏ ဖျော်ဖြေတင်ဆက်ခဲ့မှုက သတင်းထူးဖြစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်