
လူမြင်ကွင်းရှေ့မှ လနှင့်ချီ ပျောက်ကွယ်နေသည့် တရုတ်ထိပ်တန်း သရုပ်ဆောင် ဖန်ပင်းပင်းသည် အခွန်ရှောင်မှုနှင့် အခြားပြစ်မှုများအတွက် ဒေါ်လာ ၁၂၉ သန်း ပေးဆောင်ရန် အခွန်အာဏာပိုင်များက အမိန့်ချမှတ်ခဲ့သည်ဟု အစိုးရပိုင် မီဒီယာက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖန်နှင့် ၎င်း၏မိသားစုက ထိန်းချုပ်သည့် ကုမ္ပဏီများက အခွန်ဒေါ်လာ သန်းရာနှင့်ချီ ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု အခွန်အာဏာပိုင်များက အမိန့်ချခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖန်သည် ပေးဆောင်ရန် ကျန်ရှိသေးသည့် အခွန်များ၊ ဒဏ်ငွေနှင့် ပြစ်ဒဏ်များအတွက် စုစုပေါင်း ဒေါ်လာ ၁၂၉ သန်း (ယွမ် ၈၈၉ သန်းကျော်) ပေးဆောင်ရမည်ဟု ဆင်ဟွာတွင် ဖော်ပြခဲ့သည်။ ဖန်သည် နောက်ဆုံး သတ်မှတ်ထားသည့် အချိန်တွင် ယင်းဒဏ်ငွေများကို ပေးဆောင်နိုင်မှသာ တရားစွဲဆိုခံရမှုမှ ရှောင်လွှဲနိုင်မည်ဟုလည်း ဖော်ပြခဲ့သည်။ အခွန်ရှောင်သူများကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးဆောင်ရန် ကျန်ရှိသည့် အခွန်များကို ပေးရန်အချိန်ပေးထားသည်။
ယင်းအမိန့် ချမှတ်ခံရပြီးနောက် ဖန်သည် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၃ ရက်တွင် လူမှုမီဒီယာဝေပိုအား ပြန်လည်အသုံးပြုခဲ့ပြီး အခွန်ရှောင်မှုအတွက် ပရိသတ်များနှင့် ကွန်မြူနစ်ပါတီကို တောင်းပန်ခဲ့သည်။
“ကျွန်မကို စိတ်ပူနေကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးဖို့ လူထုနဲ့ အခွန်အာဏာပိုင် တွေကိုလည်း တောင်းပန်ပါတယ်။ ပါတီနဲ့ နိုင်ငံရဲ့ ကောင်းမွန်တဲ့ မူဝါဒတွေမရှိရင်၊ ပရိသတ်ရဲ့ ချစ်အင်အားပေးမှု မရှိရင် ဖန်ပင်းပင်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ဖန်က ရေးသားခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိ သရုပ်ဆောင်၊ မော်ဒယ်၊ ထုတ်လုပ်သူ ဖန်ပင်းပင်းသည် တရုတ်တွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် X-Men : Days of Future Past ဇာတ်ကားဖြင့် ဟောလိဝုဒ်တွင် အောင်မြင်မှုရရှိခဲ့သည်။
အကျိုးအမြတ်များသော ရုပ်ရှင်ရိုက်ကူးမှုနှင့် ပတ်သက်ပြီး အခွန်ရှောင်ခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် တစ်ချိန်က လူမှုမီဒီယာကို အသုံးများသူ တစ်ဦးဖြစ်သည့် ဖန်သည် ဇွန်မှစပြီး ငြိမ်သက်နေခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဖန်သည် လူမြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
ထိပ်တန်းအမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်သည့် ဖန်ပင်းပင်းသည် များပြားသည့် အနုပညာကြေးရရှိမှုကို ဖုံးကွယ်ရန် စာချုပ်လိမ်လည် ချုပ်ဆိုခဲ့သည်ဟု ရုပ်သံသတင်း တင်ဆက်သူ Cui Yongyuan က ဇွန်တွင် အွန်လိုင်း၌ ဖွင့်ချခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။ ဖန်အား စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အနုပညာနယ်ပယ်ကို ပိုမိုကျယ်ပြန့်သည့် နှိမ်နင်းမှု လုပ်ဆောင်မည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်