ဂီတဇာတ်မြူးဇာတ်ကား A Star is Born တွင် အဆိုတော်တစ်ဦးဖြစ်ရန် ဆန္ဒပြင်းပြသည့် ဇာတ်ကောင်အဖြစ် လေဒီဂါဂါ၏ သရုပ်ဆောင်မှုသည် လက်တွေ့ဘဝတွင် နာမည်ကြီးတစ်ဦးဖြစ်ရန် ၎င်းကိုယ်တိုင်ကြိုးစားခဲ့ပုံကို စံနမူနာထားခဲ့ပုံရသည်ဟု ထင်မှတ်ရသော်လည်း ယင်းဇာတ်ကောင်သည် ၎င်းနှင့်လုံးဝမတူဟု လေဒီဂါဂါက ပြောကြားခဲ့သည်။
၁၉၃၇ ခုနှစ်က ဖြန့်ချိခဲ့သည့် A Star is Born ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် လေဒီဂါဂါက အဆိုတော်တစ်ဦးဖြစ်ရန် ကြိုးစားရုန်းကန်နေသည့် အယ်လီအဖြစ် ပါဝင်ထားပြီး ဘရက်ဒလေကူးပါးက အရက်အလွန်အကျွံသောက်သည့် ကန်းထရီးဂီတပညာရှင် ဂျက်ဆင်မိန်းအဖြစ် သရုပ်ဆောင်ထားသည်။
“ကျွန်မ အသက် ၁၉ နှစ်အရွယ်မှာ ဂီတပညာရှင်၊ အဆိုတော်၊ တေးရေးဆရာတစ်ဦးဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခဲ့တယ်။ အယ်လီကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ သူ့ကိုယ်သူ လုံးဝစွန့်လွှတ်ခဲ့တယ်။ အသက် ၃၀ ကျော်မှာ ဂီတအသိုင်းအဝန်းကြောင့် သူငြီးငွေ့ခဲ့ရတယ်။ ဂျက်ဆင်ရဲ့ အချစ်ကြောင့် သူ့ဘဝကို တစ်ဖန်ပြန်လည်ရရှိခဲ့တယ်” ဟု ဂါဂါက ရိုက်စ်တာရုပ်သံသို့ ပြောကြားခဲ့သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ဂါဂါသည် နားချိုပြီး မှတ်မိလွယ်သည့် အကသီချင်းများ၊ ဆန်းပြားသည့်ဝတ်စုံများ၊ အသေးစိတ်ပြင်ဆင်ထားသည့် ဖျော်ဖြေပွဲစင်မြင့်ပုံစံများဖြင့် လွန်ခဲ့သည့် ၁၀ နှစ်တွင် အောင်မြင်မှုရရှိခဲ့သည်။ ဂါဂါသည် ဂီတသက်တမ်း ၁၇ နှစ်အတွင်း ဂရမ်မီဆု ခြောက်ဆုရရှိခဲ့သည်။
A Star is Born ဇာတ်ကားတွင် ဂါဂါ၏ သရုပ်ဆောင်မှုကို ရုပ်ရှင်ဝေဖန်သူများက ချီးကျူးခဲ့ပြီး ရွှေကမ္ဘာလုံးနှင့် အော်စကာဆုအတွက် ပြိုင်ပွဲဝင်တစ်ဦးဖြစ်လာနိုင်ခြေရှိသည်ဟု ထင်ကြေးပေးခဲ့သည်။
ဘရက်ဒလေကူးပါး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် ယင်းဇာတ်ကားကို အောက်တိုဘာ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။
ယင်းဇာတ်ကားကို ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ဗင်းနစ်အ ပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့ရာတွင် ဂါဂါ၏ သရုပ်ဆောင်မှု၊ ကူးပါး၏ ဒါရိုက်တာအတတ်ပညာ၊ ရုပ်ရှင်ရိုက်ကူးမှုအတတ်ပညာနှင့် ဂီတတို့ကို ရုပ်ရှင်ဝေဖန်သူများက ချီးကျူးခဲ့ကြသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား