
Asia’s Next Top Model ပြိုင်ပွဲ၏ ယခုတစ်ပတ်ယှဉ်ပြိုင်မှုတွင် မြန်မာမော်ဒယ်လ် Beauty သည် Beauty Best Performance ဆုဖြင့် Top 6 စာရင်းတွင် ဆက်လက်ပါဝင် ခွင့်ရရှိခဲ့ကြောင်း သိရသည်။ မော်ဒယ်လ် Beauty သည် ယခုတစ်ပတ်ယှဉ်ပြိုင်မှု၏ ဓာတ်ပုံ Challenge တွင် စျေးဝယ်ထွက်သည့် ဟန်ပန်ဖြင့် ဓာတ်ပုံရိုက်ကူးရာတွင် အင်အားပြည့် ဝစွာဆွဲဆောင်မှုရှိသည့်ဟန်ပန်ဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ အကဲဖြတ်ဒိုင်များ၏ စိတ်ကျေနပ်မှုကို ရရှိစေခဲ့သည်။
ယခုတစ်ပတ် Challenge တွင် ပထမဦးစွာ စကိတ်စီးယှဉ်ပြိုင်မှုကို နှစ်ဖွဲ့ခွဲ၍ပြုလုပ်စေခဲ့ပြီး မော်ဒယ်လ် Beauty မှာ အစပိုင်းတွင် လဲကျကာ အနာတရဖြစ်ခဲ့သော်လည်း အားမလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် မော်ဒယ်လ်ခုနစ်ဦးအား နှစ်ဖွဲ့ခွဲ၍ ယှဉ်ပြိုင်စေရာတွင် မော်ဒယ်လ် Beauty ပါ ဝင်သည့် White အဖွဲ့က အနိုင်ရရှိခဲ့သော်လည်း ယင်းရမှတ်ကို ထည့်သွင်းတွက်ချက်ခြင်း မရှိခဲ့ပေ။ ဆက်လက်၍ ရမှတ်ပေးမည့် ဓာတ်ပုံ Challange အား ပြုလုပ်ရာတွင် ဟင်းသီးဟင်းရွက်များ၊ အသားငါးများအား စျေးဝယ်ထွက်သည့် ဟန်ပန်အမူအရာပြုလုပ်စေကာ အိမ်ရှင်မဟန်ပန်ပြင်ဆင်၍ ဓာတ်ပုံရိုက်ကူးစေခြင်းဖြစ်သည်။ ယခင်တစ်ပတ်က ရမှတ်နည်းပါးခဲ့သည့် မော်ဒယ်လ် Beauty မှာ ယင်းယှဉ်ပြိုင်မှုတွင် အင်အားပြည့်ဝစွာဖြင့် အစွမ်းကုန်အားထုတ် ကြိုးစားခဲ့သည်။
ယခုတစ်ပတ်၌ ပြိုင်ပွဲဝင်များ၏ Photo Shoot အတွက် ပြင်ဆင်မှုများ၊ Photo Shoot ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား ပြသခဲ့ပြီးနောက် တစ်ဦးချင်းစီ၏ ဓာတ်ပုံများတွင် အားနည်းချက်၊ အားသာချက်များအား ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ပထမဦးစွာ Best Performance ဆုအားကြေညာရာတွင် မြန်မာမော်ဒယ်လ် Beauty က ရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရမှတ်စာရင်းများကို ဆက်လက်ကြေညာခဲ့ပြီးနောက် Bottom သို့ ကျရောက်ခဲ့သည့် ပြိုင်ပွဲဝင်နှစ် ဦးအနက်တစ်ဦးမှာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကာ Top 6 ပြိုင်ပွဲဝင်များသာ ပြိုင်ပွဲတွင် ဆက်လက်ကျန်ရှိခဲ့သည်။ နောက်တစ်ပတ်တွင် ပြုလုပ်မည့် Asia’s Next Top Model ပြိုင်ပွဲ၌ Top 6 ပြိုင်ပွဲဝင်များသာ ဆက်လက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် မတူကွဲပြားသည့် Challenge ဖြင့်ယှဉ် ပြိုင်ရမည်ဖြစ်ကာ အပတ်စဉ်တိုင်း ခက်ခဲမှုများ၊ စိန်ခေါ်မှုများစွာဖြင့် ယှဉ်ပြိုင်နေရခြင်းလည်း ဖြစ်သည်။ မြန်မာမော်ဒယ်လ် Beauty သည် Best Performance အဖြစ် နှစ်ကြိမ်တိုင် ရွေးချယ်ခံရပြီးဖြစ်သည်။
Asia’s Next Top Model ၏ အပတ်စဉ် ယှဉ်ပြိုင်မှုများအား ဗုဒ္ဓဟူးနေ့တိုင်းတွင် Foxlife မှ ထုတ်လွှင့်ပြသနေခြင်း ဖြစ်သည်။ Asia’s Next Top Model ပြိုင်ပွဲတွင် မြန်မာမော်ဒယ်လ် မေမြတ်နိုးလည်း ပါဝင်ခွင့်ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်