
ကမ္ဘာကျော် အမေရိကန်အဆိုတော်တစ်ဦးဖြစ်ပြီး သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည့် ဆလီနာဂိုးမက်ဇ်က လေ့ကျင့်ခန်းပြုလုပ်ရခြင်းသည် ၎င်းနှစ်သက်သော လှုပ်ရှားမှုများတွင် မပါဝင်သော်လည်း ၎င်းအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သွယ်လျစေရန် အကူအညီပေးနေသည့် သီးသန့်လေ့ကျင့်ခန်းတစ်ခု ရှိနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဂိုးမက်ဇ်သည် ၎င်း၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းကို အမြဲလိုလို ဖွင့်ဟပြောကြားတတ်သူ ဖြစ်သည်။သူသည် လူအများ၏ မျက်လုံးဒေါက်ထောက်ကြည့်ရှုမှုအောက်နှင့် အဆုံးမရှိစိစစ်မှုများ အောက်တွင် ကြီးပြင်းလာခဲ့ရသည်ဟု ယခင်ကလည်း ဖွင့်ဟခဲ့ဖူးသည်။
ဂိုးမက်ဇ်က ၎င်း၏လေ့ကျင့်ခန်းဆောင်ရွက်မှုအကြောင်းကို ပွင့်လင်းမြင်သားစွာ ပြောကြားခဲ့သည်။ ဂိုးမက်ဇ်သည် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် ပြုလုပ်သည်ဟု ယခင်က သတင်းများထွက်ပေါ်လာခဲ့သည်။ ဂိုးမက်ဇ်ကမူသူသည် ယောဂနှင့်အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ရသည်ကို ကြိုက်နှစ်သက်သည် ဟု ပြောကြားခဲ့သည်။
ဂိုးမက်ဇ်သည် Wondermind အမည်ရှိအသစ်ထွက်ရှိလာသည့် စိတ်ကျန်းမာရေးပလက်ဖောင်းရှိ ဗီဒီယိုတစ်ခုကို Instragram တွင် မျှဝေခဲ့သည်။
ယင်းဗီဒီယိုတွင် ဂိုးမက်ဇ်က “ကျွန်မလေ့ကျင့်ခန်းလုပ်ရတာကို မုန်းပါတယ်” ဟုညည်းတွားလျက် ပြောကြားခဲ့သည်။
“အဲ့ဒါကပျော်ဖို့မကောင်းဘူး။ ဒါပေမဲ့ မကြာသေးမီက ပြင်းထန်တဲ့ လက်ဝှေ့သင်တန်းတစ်ခုတက်နေပါတယ်။ ဒါကကျွန်မကို တော်တော်အထောက်အကူပြုပြီးနေရတာ အရမ်းကောင်းတယ်” ဟု ဂိုးမက်ဇ်ကပြင်းထန်သည့် လက်ဝှေ့လေ့ကျင့်ခန်းများသည် ၎င်း၏စိတ်ကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေသည် ဟု ပြောကြားခဲ့သည်။
ဗီဒီယိုထဲတွင် ဂိုးမက်ဇ်ကအခြားအရာများနှင့်ပတ်သက်၍လည်း “ကျွန်မကို အကူအညီဖြစ်စေတာကတော့ ဖုန်းကိုကောက်ကိုင်လိုက်ပြီး တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်တာပါပဲ။ဒီရက်ပိုင်း ကျွန်မကိုယ်ကျွန်မ ဗဟုသုတတွေစုဆောင်းနေပါတယ််" ဟု ဂိုးမက်ဇ်ကဆိုသည်။
“ကျွန်မကိုယ်ကျွန်မ ပိုပြီးနားလည်စေဖို့အတွက်ခြေတစ်လှမ်း ဆုတ်လိုက်တယ်။ကျွန်မသင်ယူခဲ့သ မျှတွေကိုပြန်တွေးပြီး နေ့တိုင်းအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတာလို့ထင်ပါတယ်။ဒါက ကျွန်မ ကိုအရမ်းအထောက်အကူ ဖြစ်ပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်