
ဒီဇင်ဘာ ၆ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်တွင် BTS အဖွဲ့ဝင် ခုနစ်ဦးစလုံး အင်စတာဂရမ်အကောင့် ကိုယ်စီ ဖွင့်လိုက်ကြပြီး နာရီပိုင်းအတွင်း ဖော်လိုဝါ အရေအတွက် စံချိန်တင်ရခဲ့ကြသည်။
RM၊ Jin၊ Suga၊ J-Hope၊ Jimin၊ V နှင့် Jungkook တို့ခုနစ်ဦးစလုံး အကောင့် များဖွင့်ပြီးနောက် ဒီဇင်ဘာ ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၂ နာရီတွင် အားလုံး၏ဖော်လိုဝါဦးရေသည် ၁၀ သန်းကျော်ဖြစ်နေခဲ့သည်။
BTS အဖွဲ့ဝင်များ အင်စတာဂရမ်အကောင့် ကိုယ်စီ ဖွင့်လိုက်ရခြင်း အကြောင်းရင်းကိုလည်း BTS ၏အေဂျင်စီ Big Hit Music ကထုတ်ဖော်ထားပြီး တစ်ဦးချင်း၏လှုပ်ရှားမှုများကိုဖော်ပြရန်နှင့် ပရိသတ်များနှင့်ဆက်သွယ်ထိတွေ့နိုင်စေရန်ဟု ဆိုထားသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်တွင် BTS အဖွဲ့စတင်ဖြစ်လာပြီးနောက်ပိုင်း အချိန်ရှစ်နှစ်အတွင်း အဖွဲ့ဝင်များက ကိုယ်ပိုင်အင် စတာဂရမ်အကောင့် ပထမဆုံးအကြိမ်ဖွင့်လိုက်ခြင်းလည်းဖြစ်သည်။ နဂိုက အုပ်စုလိုက် အကောင့်တစ်ခုသာရှိပြီး အေဂျင်စီက ကိုင်ထားသည်။ ထို့ပြင်ပရိသတ်များနှင့်ဆက် သွယ်ရန် တရားဝင် တွစ်တာအကောင့်များလည်းရှိပြီး ကိုရီးယားပလက်ဖောင်းတစ်ခု ဖြစ်သည့် Weverse လည်းအသုံးပြုသည်။
နိုဝင်ဘာ ၁၉ ရက်တွင် KBS 2TV ၏ Entertainment Company Live အစီအစဉ်က ၂၀၂၁ ခုနှစ်အတွင်း ကြော်ငြာသရုပ်ဆောင် ခအများဆုံးရှာဖွေထားသည့် အနုပညာရှင်ရှစ်ဦးကို အဆင့်အလိုက်ဖော်ပြရာ တွင် ကြော်ငြာနယ်ပယ်တွင် အချိန်အကြာ ဆုံးအောင်မြင်ထားသည့် Jum Ji Hyun ကို ကျော်ကာ BTS က နံပါတ်(၁)ကြော်ငြာဝင် ငွေအများဆုံးရှာဖွေနိုင်သည့် အနုပညာရှင်အဖွဲ့ ဖြစ်လာသည်။
BTS သည် McDonald နှင့် ပြီးခဲ့သည့် မေက လက်တွဲထားပြီး ကြော်ငြာခ ကိုရီးယား ဝမ် ၁၀ ဘီလျံဝန်းကျင် ရဖွယ်ရှိသည်။လက် ရှိတွင် BTS ကြော်ငြာပေးရသည့် အမှတ် တံဆိပ် ၁၁ မျိုးရှိနေပြီး ၂၀၂၁ ခုနှစ်အတွင်း ကြော်ငြာဝင်ငွေကိုရီးယားဝမ် ၆၅ ဘီလျံခန့် ရှိနေပြီဖြစ်သည်။
ထို့ပြင် COVID-19 ကပ်ရောဂါဖြစ် ပွားလာပြီးနောက်ပိုင်း ပထမဆုံး ဂီတဖျော် ဖြေမှုအဖြစ် BTS က အမေရိကန်တွင် ရှိုးပွဲ လေးရက် ပြုလုပ်ခဲ့ပြီး အမာခံ တောင်ကိုရီးယားပရိသတ်များက အမေရိကန်ထိ လိုက်ပြီး အားပေးခဲ့ကြသည်။ Permission to Dance on Stage အမည်ဖြင့် ဖျော်ဖြေပွဲလေးပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ ဆိုဖီအားကစားကွင်းတွင် နိုဝင်ဘာ ၂၇၊ ၂၈ နှင့် ဒီဇင်ဘာ ၁ ၊ ၂ ရက်များက ကျင်းပခဲ့ခြင်းဖြစ်သည်။
Jin၊ Jimin နှင့် Jungkookn တို့က ဒီဇင်ဘာ ၆ ရက်တွင် တောင်ကိုရီးယားသို့ ပြန် ရောက်လာပြီး self-quarantine ပြုလုပ်လျက်ရှိကာ နောက်လေးဦးလည်း ပြန်ရောက်လာသည်နှင့် အလားတူနေထိုင်ရမည်ဖြစ်သည်။
နိုဝင်ဘာ ၂၁ ရက်က LA တွင် ကျင်းပသည့် အမေရိကန်တေးဂီတဆုပေးပွဲ၌ BTS က တေလာဆွစ်ဖ်၊ ဒရိတ်ခ်နှင့် The Weeknd တို့ကိုကျော်ကာ Artist of the Year ဆုအ ပြင် အကောင်းဆုံးပေါ့ပ်အဖွဲ့ဆု၊ အကောင်း ဆုံးပေါ့ပ်သီချင်းဆုတို့ကို ဆွတ်ခူးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်