
ဘောလိဝုဒ်မင်းသမီး ဆိုနက်ရှီဆင်ဟာနှင့် မင်းသားဇဟီးအစ်ခ်ဘယ်တို့ လာမည့်ဇွန် ၂၃ ရက်တွင် ထိမ်းမြားလက်ထပ်တော့မည်ဖြစ်သည်။သတင်းများအရ မင်္ဂလာပွဲကို မွမ်ဘိုင်းမှာပင် ကျင်းပမည်။
နှစ်ဦးစလုံးသည် ဆယ်လ်မန်ခန်း၏ဇာတ်ကားများတွင် ပွဲဦးထွက်ပါဝင်ကာ ဘောလိဝုဒ်လောကသို့ ရောက်လာကြသည်။ ဆိုနက်ရှီ၏ပွဲဦးထွက်ဇာတ်ကားက ၂၀၁၀ ခုနှစ်ကထွက်သည့် Dabangg ဖြစ်ပြီး ဇဟီးက ၂၀၁၉ ခုနှစ်မှာမှ Notebook ဇာတ်ကားဖြင့် သရုပ်ဆောင်နယ်ပယ်ကိုဝင်ရောက်လာသည်။ Double XL ဇာတ်ကားတွင် ၎င်းတို့တွဲသရုပ်ဆောင်ထားကြသည်။
ဆိုနက်ရှီသည် မင်းသားဇဟီးနှင့်သတင်းထွက်လာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူငယ်ချင်းဟုသာ နှစ်ဦးစလုံးကပြောခဲ့သည်။ မနှစ်က ဆိုနက်ရှီ၏မွေးနေ့တွင် ဇဟီးကရုပ်ရှင်ရိုက်ကွင်းမှ အမှတ်တရပုံများ ၊ ၎င်းတို့အပြင်ထွက်စဉ် ရိုက်ကူးထားသည့်ပုံများကို အင်စတာဂရမ်တွင်တင်ကာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က ဆိုနက်ရှီ၏မွေးနေ့တွင်လည်း ချစ်သူဇဟီးက ၎င်းတို့ဖက်ရိုက်ထားသည့်ပုံနှင့် ဆယ်လ်ဖီဓာတ်ပုံအချို့ကို တင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်