ဂျပန်ရုပ်ရှင်ဇာတ်ကားပေါင်း ၂၇ ကားကို အွန်လိုင်းမှ အလွယ်တကူ အားပေးကြည့်ရှုနိုင်မည့် JFF:Plus Online Festival ကို ဇန်နဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မတူကွဲပြားသည့် ရသမျိုးစုံဖြင့်ဖန်တီးထားသော ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်အားပေးနိုင်မည်ဖြစ်ကာ အိမ်တွင် နေထိုင်ရင်း website မှ အခမဲ့အားပေး ကြည့်ရှုနိုင်မည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတွင် မြန်မာနိုင်ငံ၌ကျင်းပလေ့ရှိသည့် ဂျပန် ရုပ်ရှင်ပွဲတော်များကို ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့်အခြေအနေအရ အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ပြောင်းလဲကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်နှင့််ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Japanese Film Festival Myanmar Facebook Page တွင် လွှင့်တင်မည်ဖြစ်ကာ စောင့်ကြည့်အားပေးနိုင်မည်ဖြစ်သည်။ JFF:Plus Online Festival များကို အခြားသောနိုင်ငံများတွင်လည်း ကျင်းပလျက်ရှိကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပရန်စီစဉ်နေခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှ ထင်ရှားသည့် ရုပ်ရှင်ဇာတ်ကားများ၊ ပရိသတ်အားပေးမှု များပြားခဲ့သည့်ဇာတ်ကားများကို ရွေးချယ်ပြသမည်ဖြစ်သည်။
“ ဂျပန်ရုပ်ရှင်ပွဲတော်ကို အခုနှစ်မှာတော့ New Normal အနေအထားအရ online festival ကျင်းပဖို့စီစဉ်နေပါတယ်။ ပရိသတ်များကလည်း ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ အိမ်မှာနေထိုင်ရင်း အပန်းဖြေနိုင်မှာပါ။ ပြသသွားမယ့်ဇာတ်ကားတွေနဲ့ ဇာတ်ကားအကြောင်းအရာတွေကို မိတ်ဆက်ရှင်းလင်းသွားပါမယ်။ အသေးစိတ်အကြောင်းအရာတွေကို တင်ပေးမှာဆိုတော့ စောင့်မျှော်ဖတ်ရှုပေးဖို့ ဖိတ်ခေါ်ပါရစေ” ဟု ဂျပန်ရုပ်ရှင်ပွဲတော်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဂျပန်ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ဂျပန်လူမျိုးတို့၏ယဉ်ကျေးမှုဓလေ့စရိုက်များ၊ ဂျပန်နိုင်ငံတွင် ဖြတ်သန်းလျက်ရှိသည့် ခေတ်ကာလအခြေအနေနှင့် တိုးတက်ပြောင်းလဲမှုများကို ထင်ဟပ်နိုင်စေမည့်ဇာတ်ကားများကို ရွေးချယ်ကာ ယဉ်ကျေးမှုဖလှယ်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား