
အသက်ငယ်ငယ်နှင့်အောင်မြင်နေသည့် ဂီတကြယ်ပွင့်များထဲ အသက် ၂၂ နှစ်အရွယ်ရှိ အမေရိကန်အဆိုတော် ဘီလီအိုင်းလစ်ရှ်လည်း ပါဝင်နေသည်။ သို့သော်အောင် မြင်လာပြီးနောက် ၎င်းလက်လွှတ်လိုက်ရ သည့်အရာများထဲ သူငယ်ချင်းအပေါင်းအသင်းများလည်း ပါသွားသည်။
ဘီဘီစီ၏ Miss Me? Podcast အစီအစဉ်တွင် ဘီလီက အောင်မြင်မှု၏နောက်ကွယ် ဆုံးရှုံးခဲ့သည့်အရာများကို ရင်ဖွင့်သွားခဲ့သည်။ မနှစ်က ဒီဇင်ဘာတွင် ဘီလီသည် တစ်စုံတစ်ဦး၏ အကြောင်းပြချက်မရှိ အဆက်အသွယ်ဖြတ်မှုကို ခံခဲ့ရသည်။
“တကယ့်ကို မယုံနိုင်စရာ။ ဒီနေ့အထိ သူကလုံးဝစာမပို့တော့တာ။ ကျွန်မစိတ်ထဲသူသေများသွားလား။ သူတကယ် သေသွားပြီလား။ကျွန်မနဲ့ နှစ်တွေအကြာကြီး သိလာတဲဲ့သူလေ။ ယုံတောင် မယုံနိုင်ဘူး။လူတွေ ခုလိုလုပ်လိမ့်မယ်လို့ တကယ်မသိခဲ့ဘူး” ဟု ဘီလီက ၎င်းအဖြစ်ကိုပြောသည်။နောက်ပိုင်း ဘီလီက အဆက်ဖြတ်သွားသည့်သူကို အခြားတစ်ဦးနှင့်ဒိတ်နေကြောင်း တွေ့ခဲ့ရသည်။
ဘီလီသည် နာမည်ရလာပြီးသည့်နောက် မိတ်ဆွေများနှင့်ဆက်ဆံရေးကို ကြိုး စားတည်ဆောက်ခဲ့ရသည်။Ocean Eyes သီချင်းဖြင့် ဂီတလောကကို ပွဲဦးထွက်လာစဉ်က ၎င်း၏အသက် ၁၄ နှစ်သာရှိသေးသည်။ နောက်ပိုင်းကမ္ဘာကျော်သည်အထိ ၎င်းကို ပရိသတ်လက်ခံလာခဲ့ပြီးဆုများစွာလည်း ရခဲ့သည်။ပြီးခဲ့သည့်လတွင် ဘီလီက တတိယမြောက်တေးအယ်လ်ဘမ် Hit Me Hard and Soft ထွက်ထားသည်။
ယခုနှစ်အတွင်းကျင်းပသည့် အော်စ ကာဆုပေးပွဲတွင် ဘီလီ၏ ဘာဘီဇာတ်ကားထဲမှ What Was I Made For? သီချင်းက အကောင်းဆုံးသီချင်းဆု ဆွတ်ခူးထားသည်။
သို့သော်နာမည်ကျော်လာပြီးနောက် သူငယ်ချင်းမရှိတော့ဟု ဘီလီကပြောသည်။ “ရုတ်တရက်နာမည်ကြီးလာတော့ ဘယ်သူ့မှ ဆက်သွယ်လို့မရတော့ဘူး။တကယ့်ကိုခံရခက်တယ်” ဟုလည်း ၎င်းင်းကဆိုသည်။အချစ်ဆုံးသူငယ်ချင်းတစ်ဦးတော့ ဘီလီ့ဘေးတွင် ရှိနေသေးသည်။ ကျန်မိတ်ဆွေများက ဘီလီ၏ ဝန်ထမ်းများပင်ဖြစ်သည်။“အသက် ၂၀ ပြည့်မွေးနေ့တုန်းက အခန်းထဲကြည့်တော့ ကျွန်မရဲ့ဝန်ထမ်းတွေချည်း။၁၅ နှစ်အထက်ကြီးသူတွေချည်း”ဟု ဘီလီကပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်