ပြီးခဲ့သည့်တစ်လတာအတွင်း ကိုရီးယားအနုပညာရှင်များ၏ အောင်မြင်မှုအခြေအနေကို Korean Business Research က အဆင့်သတ်မှတ်ထုတ်ပြန်ထားရာ အက်ရှင်မင်းသားဒွန်းလီခေါ် မာဒုံဆော့က ထိပ်ဆုံးမှရပ်တည်နေသည်။
ဧပြီ၂၈ ရက်မှ မေ ၂၈ ရက်အတွင်း ထုတ်လွှင့်ခဲ့သည့် ဒရာမာဇာတ်လမ်းတွဲများ၊ ဇာတ်ကားများတွင်ပါဝင်သည့် မင်းသား၊ မင်းသမီး ၁၀၀ ကို အကဲဖြတ်အဆင့်သတ်မှတ်ထားခြင်းဖြစ်ပြီး Lovely Runner ဇာတ်လမ်းတွဲဖြင့် လတ်တလောနာမည်ကြီးနေသည့် မင်းသားဗြန်ဝူဆော့က ဒုတိယနေရာရထားသည်။Queen of Tears ဇာတ်လမ်းတွဲမှ မင်းသားကင်ဆူဟွန်းက တတိယနေရာတွင်ရှိပြီး တွဲဖက်မင်းသမီးကင်ဂျီဝန်က ပဥ္စမနေရာကို ရယူထားသည်။မာဒုံဆော့ပါဝင်သရုပ်ဆောင်ထားသည့် The Roundup: Punishment ဇာတ်ကားမှ မင်းသားပတ်ဂျီဟွမ်က စတုတ္ထနေရာတွင်ရပ်တည်လျက်ရှိပြီး The Roundup ဇာတ်ကားစီးရီး၏ လေးကားမြောက်အဖြစ် ထွက်လာသည့် ယင်းဇာတ်ကားသည် ၂၀၂၄ ခုနှစ်အတွင်း လူကြည့်အများဆုံး ရုံတင်ဇာတ် ကားဖြစ်လာဖွယ်ရှိသည်။
Exhuma သရုပ် ဆောင်လီဒိုဟွန်းက စာရင်း၏နံပါတ်(၁၅) နေရာကို ပိုင်ဆိုင်ထားသည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ