
Jurassic World ၏ နောက်ထပ်ရုပ်ရှင်ဇာတ်ကား အသစ်ရိုက်ကူးချိန်တွင် ကမ်းခြေများနှင့်အမျိုး သားဥယျာဉ်များ မပျက်စီးစေရန်အတွက် ထိုင်းတာဝန်ရှိသူများက ပရိုဂျူဆာများကို သတိပေးပြောကြားခဲ့ သည်ဟု သိရသည်။
ဒိုင်နိုဆောရုပ်ရှင်ဇာတ်လမ်းများတွင် ခုနစ်ကားမြောက်ရုပ်ရှင်အဖြစ် ထွက်ရှိလာမည့် ယင်းရုပ်ရှင်တွင် ဟောလိဝုဒ်အကျော်အမော်သရုပ်ဆောင် စကားလတ်ဂျိုဟန်ဆင် ပါဝင်လာသည်ဟု သတင်းများတွင်ဖော်ပြ ထားသည်။
ယခုအချိန်အထိ အမည်အတိ အကျမပေးရသေးဘဲ လာမည့်နှစ်တွင် ရုံတင်ပြသရန် စီစဉ်ထားသည့် ယင်းရုပ်ရှင်ကို ဘန်ကောက်မြို့တော်၊ ခရာဘီ၊ ဖူးခတ်၊ ဖန်းငနှင့် ထရန်းတို့ရှိ အမျိုးသားဥယျာဉ်များတွင် လာမည့်သီတင်းပတ်၌ စတင်ကာ ဇူလိုင်လအထိ ရိုက်ကူးသွားမည် ဖြစ်သည်။
ရိုက်ကူးရေးပြုလုပ်မည့်နေရာများတွင် ထိုင်းနိုင်ငံအနောက်ဘက်ကမ်းလွန်ရှိ ကိုခရာဒန်ကျွန်းနှင့် ခေါင်ဖန်နွန် ဘန်ချာအမျိုးသားဥယျာဉ်ရှိ ဟွေးတူရေတံခွန်လည်း ပါဝင်သည်။
သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပက်ချာရာဗတ်ဝေါင်ဆူဝမ်က ထိုင်းနိုင်ငံအနေဖြင့် ယင်းရိုက်ကူးရေး လာရောက်လုပ်ဆောင်မှုအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
“ဒါပေမဲ့ ရိုက်ကူးရေးအဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာဥပဒေတွေနဲ့ စည်းမျဉ်းတွေကို အတိအကျလိုက် နာဖို့လိုအပ်ပြီး သဘာဝအရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပက်ချာရာဗတ်က ဆိုသည်။
လီယိုနာဒိုဒီကာပရီယို၏ လျှို့ဝှက်သည်းဖိုရုပ်ရှင် “The Beach” ရိုက်ကူးရေးပြီးနောက် နှစ်ပေါင်းနှစ် ဆယ်ကျော်အကြာတွင် ယင်းသတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“The Beach” ရုပ်ရှင် ရိုက်ကူးရေးသည် ထိုင်းနိုင်ငံတောင်ပိုင်းကို ဖီဖီလာကျွန်း မာယာဘေကမ်းခြေရှိ သန့်ရှင်းသောသဲများအပေါ်သက် ရောက်မှုရှိခဲ့သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်