
Jumanji: Welcome to the Jungle၊ Fast and Furious စသည့် ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် အက်ရှင်သရုပ်ဆောင် ဒွိန်းဂျွန်ဆင်သည် သရုပ်ဆောင်ကြေးအများဆုံးရသည့် အနုပညာရှင်စာရင်း၏ နံပါတ် (၁) နေရာတွင် ဦးဆောင်ခဲ့သည်ဟု Forbes မဂ္ဂဇင်းက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
The Rock ဟု လူသိများသည့် ကြေးစားနပန်းသမားဟောင်းတစ်ဦးဖြစ်သည့် အသက် ၄၇ နှစ်အရွယ် ဂျွန်ဆင်သည် ၂၀၁၈ ခုနှစ် ဇွန် မှ ၂၀၁၉ ခုနှစ် ဇွန်အတွင်း ဝင်ငွေ ဒေါ်လာ ၈၉.၄ သန်း ရရှိခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။
ယင်းဝင်ငွေထဲတွင် Under Armour ကုမ္ပဏီကထုတ်လုပ်သည့် အဝတ်အထည်၊ ဖိနပ်နှင့် နားကြပ်ကြော်ငြာများတွင် ၎င်း၏ပုံရိပ်ကို အသုံးပြုမှုမှရရှိသည့် မူပိုင်ခ၊ HBO ရုပ်သံမှထုတ်လွှင့်သည့် Ballers ဇာတ်လမ်းတွဲတွင် Episode တစ်ခုစီအတွက် ရရှိသည့် ဒေါ်လာ ၇၀၀၀၀၀ စီနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးမှုမှရရှိသည့် ဝင်ငွေနှင့် အမြတ်ရှယ်ယာတို့လည်း ပါဝင်သည်။
ဂျွန်ဆင်သည် ပြီးခဲ့သည့်နှစ် Forbes ၏ အဆိုပါစာရင်းတွင် ဒုတိယနေရာ၌သာ ဖော်ပြခံခဲ့ရသည်။
Avengers: Endgame ဇာတ်ကားတွင် Thor ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ခရစ်ဟမ်းစ်ဝါ့သ်သည် ဝင်ငွေဒေါ်လာ ၇၆.၄ သန်းဖြင့် Forbes ၏ အဆိုပါစာရင်း၌ ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။
Avengers: Endgame ဇာတ်ကားတွင် Iron Man ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ရောဘတ်ဒေါင်းနင်းဂျူနီယာသည်လည်း ဒေါ်လာ ၆၆ သန်းဖြင့် အဆိုပါစာရင်း၏ တတိယနေရာတွင် ရပ်တည်ခဲ့သည်။
ဘောလိဝုဒ်သရုပ်ဆောင် Akshay Kumar သည် ဝင်ငွေဒေါ်လာ ၆၅ သန်းနှင့် ဟောင်ကောင်သရုပ်ဆောင် ဂျက်ကီချန်းသည် ဒေါ်လာ ၅၈ သန်းဖြင့် အဆိုပါစာရင်း၏ စတုတ္ထနှင့် ပဥ္စမနေရာတွင် အသီးသီး ဖော်ပြခံခဲ့ရသည်။
Avengers: Endgame ဇာတ်ကားတွင် ပါဝင်သည့် အခြားသရုပ်ဆောင်များဖြစ်သည့် ဘရက်ဒလေကူးပါး၊ ခရစ်အီဗန်နှင့် ပေါလ်ရုဒ်တို့သည်လည်း Forbes ၏ ဝင်ငွေအများဆုံးရ သရုပ်ဆောင်စာရင်း၏ ထိပ်တန်း ၁ဝတွင် ပါဝင်ခဲ့သည်။
ကူးပါး၏ ဝင်ငွေဒေါ်လာ ၅၇ သန်းအနက် သန်း ၄၀ ကျော်သည် ၎င်းကိုယ်တိုင်ရိုက်ကူးပြီး အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သည့်အပြင် စီစဉ်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့သည့် A Star is Born ဇာတ်ကားမှ ရရှိခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်