
တွမ်ခရုစ်ပါဝင်ထားသည့် Top Gun: Maverick နှင့် Mission: Impossible 7 အက်ရှင်ဇာတ်ကားကြီးများ ရုံတင်မည့်နေ့ကို ထပ်မံနောက်ဆုတ်လိုက်ပြီဖြစ်သည်။
၁၉၈၆ ရုပ်ရှင် Top Gun ၏ နောက်ဆက်တွဲဇာတ်လမ်းဖြစ်သည့် Top Gun: Maverick ကို ၂၀၂၀ ခုနှစ် ဇွန်ကတည်းက ရုံတင်ရန်စီစဉ်ခဲ့ကြသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် ကြိမ်ဖန်များစွာ ရွှေ့ဆိုင်းခဲ့ရပြီး လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် ရုံတင်ရန် သတ်မှတ်ထားခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ် မေ ၂၇ ရက်မှ ရုံတင်ရန် ထပ်ပြီးရွှေ့လိုက်ပြန်သည်။
ပရိသတ်များ မျှော်တလင့်လင့်စောင့်စားနေသည့် “Top Gun” ဇာတ်ကားတွင် ခရုစ်ကို ရေတပ်လေယာဉ်မှူးအဖြစ် မြင်တွေ့ရမည်။
အလားတူ Mission: Impossible 7 ဇာတ်ကားကြီးကိုလည်း ၂၀၂၂ ခုနှစ် မေ ၂၇ ရက်တွင် ရုံတင်ရန်သတ်မှတ်ထားရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်သို့ ရွှေ့ ဆိုင်းလိုက်ပြီဖြစ်သည်။ ဇာတ်ကားက ရိုက်ကူးနေဆဲဖြစ်သည်။
ထိုဇာတ်ကားနှစ်ကားတင်မဟုတ်ဘဲ ရုပ်ရှင်ဖြန့်ချိရေးကုမ္ပဏီ Paramount က ၂၀၂၁ ခုနှစ်အတွင်း ရုံတင်ရန်ကျန်ရှိနေသည့် ဇာတ်ကားများကိုလည်း ၂၀၂၂ ခုနှစ်သို့ ရွှေ့လိုက်သည်။
Deadline အဆိုအရ ရုပ်ရှင်ရုံများသို့ လာရောက်ကြည့်ရှုမှုနည်းနေသည့်အတွက် Paramount က ဇာတ်ကားရုံတင်ရက်များ နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။
“Mission Impossible 7” သည် တွမ်ခရုစ်၏ အန္တရာယ်အများဆုံး Stunt ဇာတ်ဝင်ခန်းများကို ရင်ခုန်ဖွယ်ခံစားရမည့် ဇာတ်ကားလည်းဖြစ်သည်။ အန္တရာယ်ရှိသည့် စတန့်ပြကွက်များကို သရုပ်ဆောင်တတ်သူ တွမ်ခရုစ်၏ “Mission: Impossible 7” ထဲမှ ဆိုင်ကယ် စီးဇာတ်ဝင်ခန်းများကို သြဂုတ် ၂၆ ရက်က လတ်စ်ဗေးဂတ်စ်တွင်ပြုလုပ်သည့် ရုပ်ရှင်ရုံ လုပ်ငန်းရှင်များတွေ့ဆုံပွဲ CinemaCon Trade Show တွင်ပြသခဲ့ရာ ကြည့်ရှုသူများကို ရင်သပ်ရှုမောဖြစ်စေခဲ့သည်။ ထိုစွန့်စားခန်းများသည် သူသရုပ်ဆောင်ခဲ့ဖူးသမျှ စွန့်စားခန်းများထဲတွင် အန္တရာယ်အများဆုံးဟု ခရုစ်က ဝန်ခံထားသည်။
“ဒီဟာအတွက် နှစ်နဲ့ချီ ကျွန်တော်တို့ ပြင်ဆင်ခဲ့တယ်။ ကျွန်တော် ကလေးအရွယ်ကတည်းက ဒီလိုမျိုးလုပ်ချင်ခဲ့တာ” ဟုလည်း တွမ်ခရုစ်က ပြောသည်။ ကျောက်ထရံပေါ်မှအောက်သို့ ဆိုင်ကယ်ဖြင့် ခုန်ချသည့်ပြကွက်မျိုးအထိ ပါဝင်ပြီး ခရုစ်တစ်ယောက် Skydives အကြိမ်ရေ ၅၀၀ ကျော်၊ Motorcross Jumps အကြိမ်ရေ ၁၃,၀၀၀ ဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ရသည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် တွမ်ခရုစ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ဟောလိဝုဒ်၏ အကျော်ကြားဆုံး အနုပညာရှင်များထဲကတစ်ဦးဖြစ်လာပြီး ကိုယ်ပိုင်စတန့်ပြကွက်အများစုကို သရုပ်ဆောင်လေ့ရှိကာ ၂၀၁၈ ရုပ်ရှင် “Mission: Impossible - Fallout” ရိုက်ကူးစဉ်ကလည်း ခြေချင်းဝတ်ရိုးကျိုးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်