
၉/၁၁ ဖြစ်ရပ်အကြောင်းကို ရိုက်ကူးထားသည့် Netflix ရုပ်ရှင် Worth တွင် မုဆိုးမနေရာက ပါဝင်သရုပ်ဆောင်ထားသူ အမေရိကန်ရုပ်ရှင်မင်းသမီး Laura Benanti က လွန်ခဲ့သည့်အနှစ်၂၀ က အမေရိကန်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ချစ်ရသောသူများ ဆုံးရှုံးခဲ့ရသည့် ကျန်ရစ်သူမိသားစုဝင်များဘက်မှ ကိုယ်စားပြုသရုပ်ဖော်ရန် သူမတွင် တာဝန်ရှိသည်ဟု ခံစားရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ဇာတ်လမ်းထဲတွင် Benanti က မီးသတ်သမားတစ်ဦး၏ ဇနီးမယား Karen Donato အဖြစ် သရုပ်ဆောင်ထားသည်။ UPI နှင့် ဖုန်းအင်တာဗျူးတစ်ခုတွင် သူမက “ဒီဇာတ်ကားဟာ ကျွန်မအတွက် တကယ်ဖြစ်နေသလိုပုံစံပေါ့။ ဒီတော့ ရုပ်ရှင်မင်းသမီးတစ်ယောက် သရုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ လူတစ်ယောက် တကယ်ခံစားနာကျင်နေရတာကို ကြည့်နေရသလိုမျိုး” ဟု ပြောဆိုခဲ့သည်။
Worth ဇာတ်ကားသည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေကြေထိခိုက်ခဲ့သူများအတွက် ထောက်ပံ့ကြေးပေးအပ်မှုဖြစ်စဉ်အကြောင်းကို ရိုက်ကူးထားသည်။
၂၀၀၃ ခုနှစ်တွင် ကျန်ရစ်သူမိသားစုဝင်များ၏ ၉၇ ရာခိုင်နှုန်းက ရန်ပုံငွေထောက်ပံ့ကြေးတောင်းခံပြီး အပြန်အလှန်အားဖြင့် တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် လေယာဉ်များအပိုင် လေကြောင်းလိုင်းများကို တရားမစွဲရန် သဘောတူခဲ့ရသည်။
နစ်နာကြေးမည်မျှရမည်ကို တွက်ချက်ပေးရသည့် Ken Feinberg (အမေရိကန်မင်းသား Micheal Keaton က သရုပ်ဆောင်ထား) ဆိုသူက နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း Karen က သေဆုံးသူခင်ပွန်းသည်အတွက် မည်သည့်နစ်နာကြေးငွေကိုမျှ လက်မခံခဲ့ပေ။
သူမ၏ဇာတ်ကောင်သည် မိသားစုအများအပြားကို ကိုယ်စားပြုနေသည်။ ဆုံးရှုံးသွားသည့်သူနေရာကို ငွေဖြင့်အစားမထိုးနိုင်ဟု မှတ်ယူထားသူများကို ကိုယ်စားပြုနေသည်ဟု Benanti က ဆိုသည်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာတွင် အလုပ်လုပ်ခဲ့သူများကို သူမသိသော်လည်း ကျန်ရစ်သူမိသားစုဝင်များအား နစ်နာကြေးပေးသည့် ကိစ္စကိုမူသူမ မသိခဲ့ဟု Benanti က ပြောသည်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုဖြစ်ပွားစဉ်က သူမသည် နယူးယောက်တွင်နေထိုင်ပြီး အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။
ထိုဇာတ်ကားရိုက်ကူးစဉ်က နေ့ရက်များသည် စိတ်လှုပ်ရှားသည့်ခံစားမှုများနှင့် စတင်ခဲ့ရပြီး သူမ၏ ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီတိုင်းတွင် နာကျင်ခံစားမှုရသကိုပုံပေါ်စေရန် ထိုစိတ်ခံစားမှုများက အတိုင်းအဆတူ လိုအပ်သည်ဟု Benanti ကဆိုသည်။
“ဇာတ်ဝင်ခန်းတိုင်းဟာ တကယ့်ကိုပဲ စိတ်မကောင်းစရာ၊ လှောင်ပြက်နေဖို့နေရာကိုမရှိဘူး” ဟု သူမက ပြောသည်။ဇာတ်ကားထဲတွင် ဖြစ်ရပ်ဆိုးနှင့်ကြုံရပြီး ခင်ပွန်းသည် ဆုံးရှုံးလိုက်ရသည့် နာကျင်စရာဇနီးမိန်းမ တစ်ယောက်နေရာမှ ခံစားမှုအစုံစုံကို Benanti က ပီပြင်စွာသရုပ်ဆောင်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်