
အောက်တိုဘာတွင် လတ်စ်ဗေးဂတ်စ်၌ ကိုးရက်ကြာဖျော်ဖြေပွဲပြုလုပ်မည့် လေဒီဂါဂါသည် Remix တေးအယ်လ်ဘမ် တစ်ခွေကို စက်တင်ဘာ ၃ ရက်က ထွက်ရှိထားသည်။
အခွေအမည်မှာ Dawn of Chromatica ဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလကထွက်ရှိထားသည့် ဂါဂါ၏ ဆဋ္ဌမမြောက် စတူဒီယိုအယ်လ် Chromatica မှသီချင်းများကို Remix ပြန်လည်ပြုလုပ်ထားသည်။
Chromatica အယ်လ်ဘမ်တွင်ပါခဲ့သည့် ကေပေါ့အဖွဲ့ Blackpink နှင့်တွဲဖက်သီဆိုထားသည့် Sour Candy သီချင်းသည် Dawn of Chromatica အခွေတွင် Remix ပုံစံပြန်ပါလာသည်။ လတ်စ်ဗေးဂတ်စ်တွင် ပြုလုပ်မည့် ဂါဂါ၏ ‘Jazz & Piano” ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၃၁ ရက် (ဟောလိုးဝင်းနေ့) အတွင်း ကျင်းပတော့မည်လည်းဖြစ်သည်။
ဂါဂါသည် ဂန္ထဝင်အဆိုတော်ကြီး တိုနီဘန်းနတ်နှင့် တွဲဖက်သီဆိုထားသည့် jazz အယ်လ်ဘမ်တစ်ခုလည်း ထွက်ရန်ရှိသည်။ ‘Love For Sale’ အမည်ရ ၎င်းအခွေကို အောက်တိုဘာ ၁ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး ၂၀၁၄ တွင် ‘Cheek To Cheek’ အခွေထွက်ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ ဒုတိယမြောက်အခွေဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်