တောင်ကိုရီးယားရုပ်ရှင်မင်းသမီးချော Jun Ji Hyun ၏ ၂၀၂၁ ခုနှစ်အတွင်းခန့်မှန်း ဝင်ငွေသည် ကိုရီးယားဝမ် ၁၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းခန့်) ရှိနေပြီး တောင်ကိုရီးယားအနုပညာရှင်များဖြစ်သည့် Kim Soo Hyun နှင့် Yoo Jae Suk တို့ ဝင်ငွေထက်ပင် ပိုများနေသည်။
သတင်းဖော်ပြချက်များအရ Jun Ji Hyun သည် ကြော်ငြာရိုက်ကူးမှုများမှ တစ်နှစ်လျှင် ကိုရီးယားဝမ် တစ်ဘီလျံခန့် ဝင်ငွေရနေပြီး ယခုနှစ်တွင် Brand ၁၆ မျိုးကို ကြော်ငြာပေးထားသည်။
ဒုတိယဝင်ငွေအကောင်းဆုံးအနုပညာရှင်က မင်းသား Kim Soo Hyun ဖြစ်ပြီး ၎င်း၏ဝင်ငွေမှာ ကိုရီးယားဝမ် ၁၃ ဘီလျံခန့်ရှိကာ Yoo Jae Suk က ကိုရီးယားဝမ် ၁၀ ဘီလျံဖြင့် ဝင်ငွေအကောင်းဆုံး တတိယမြောက်နေရာတွင် ရပ်တည်နေသည်။
စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးသူအဖြစ် ကိုရီးယားဝမ် ရှစ်ဘီလျံရရှိထားသူက မင်းသားချော Song Joong Ki ဖြစ်ပြီး ၎င်း၏နောက်တွင် Lee Seung Ki (ကိုရီးယားဝမ် ခုနစ်ဘီလျံခန့်)၊ Shin Dong Yup (ကိုရီးယားဝမ် ငါးဘီလျံခန့်) နှင့် Song Hye Kyo (ကိုရီးယားဝမ် ၄ ဘီလျံခန့်) တို့ အသီးသီး ရပ်တည်နေသည်။
-
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကို အတည်ပြု
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ