တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Lisa ၏ တစ်ကိုယ်တော်တေးသီချင်းဗီဒီယို LALISA ကို စက်တင်ဘာ ၁၀ ရက် နံနက်တွင် YouTube ၌ ထုတ်လွှင့်ခဲ့သည်။
ထိုတေးသီချင်းသည် Lisa ၏ ပထမဆုံး တစ်ကိုယ်တော်တေးအယ်လ်ဘမ် LALISA တွင် ပါဝင်သော ခေါင်းစီးတေးသီချင်းဖြစ်ကာ ထိုတေးအယ်လ်ဘမ်ကိုလည်း LALISA တေးသီချင်းဗီဒီယိုထုတ်လွှင့်ချိန်တွင် တစ်ပါတည်း စတင်ဖြန့်ချိခဲ့သည်။
LALISA တေးသီချင်းကို Teddy ၊ 24 နှင့် Bekuh BOOM တို့က ရေးစပ်ပေးထားခြင်းဖြစ်ပြီး Lisa ၏ အားကောင်းသော ရက်ပ်သီဆိုသံနှင့်အတူ မြူးကြွသာယာသည့် တေးသီချင်းတစ်ပုဒ်လည်းဖြစ်သည်။
Lisa သည် ၎င်း၏တေးအယ်လ်ဘမ် မထွက်ရှိမီ နာရီပိုင်းအလို စက်တင်ဘာ ၁၀ ရက်တွင် အွန်လိုင်းမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
တစ်ကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိနိုင်ရန် ကာလရှည်ကြာအချိန်ယူခဲ့ရပြီး နောက်ဆုံးတွင် အယ်လ်ဘမ်ထွက်ရှိနိုင်ခဲ့ကြောင်း Lisa က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
“ကျွန်မ စိတ်လှုပ်ရှားနေဆဲပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်သေးဘူး။ သီချင်းနဲ့လိုက်ဖက်မယ့် ကကွက်စီစဉ်ဖန်တီးမှုကို လေ့ကျင့်နေတဲ့အချိန်မှာတောင် အယ်လ်ဘမ် တကယ်ထွက်မှာလားဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်မသေချာခဲ့ဘူး။ ဒါပေမဲ့ LALISA တေးသီချင်းဗီဒီယို ရိုက်ကူးခဲ့တဲ့အချိန်မှာ စစ်မှန်တဲ့သေချာမှုကို ကျွန်မစပြီး ခံစားမိခဲ့ပါတယ်” ဟု Lisa က ဆိုသည်။
အဖွဲ့ဝင်လေးဦး ပါဝင်သော BLACKPINK အဖွဲ့တွင် အဖွဲ့ဝင် Jennie ၏ ပွဲဦးထွက် တစ်ကိုယ်တော်တေးအယ်လ်ဘမ် SOLO ကို ၂၀၁၈ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး အဖွဲ့ဝင် Rose ၏ R အမည်ရှိ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ၂၀၂၁ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။
-
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကို အတည်ပြု
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ